နတ်ရထားစီးတဲ့သတိုးသမီး {1} Unicode

32.7K 570 3
                                    


နတ်ရထားစီးတဲ့ သတို့သမီး 🧖‍♀️

"အား..ကျွတ်..ကျွတ်..မယ်မယ်ရေ...
ဦးမွေးချင်ပြီထင်တယ်.."
ခင်ခင်ဦးတစ်ယောက်...
မိမိအသက်က၁၈နှစ်သာရှိသေး၍သား
ဦးကိုမွေးရခြင်းကြောင့်၊အားကိုးတကြီးနဲ့
သာမယ်မယ့်ကိုအကူအညီတောင်းရတာ
တကယ်တော့မယ်မယ်ကဦးရဲ့ရင်သွေး
လေးဒီလောကကြီးထဲရောက်လာဖို့ကိုလို
လားသူမဟုတ်ပါ။

ဦးကမျိုးရိုးမြင့်မြတ်တဲ့အနွယ်တော်
ထဲကဖြစ်ပြီး..ဦးကလေးရဲ့ဖခင်ကတော့
အိမ်စေတစ်ယောက်ဖြစ်ခဲ့သည်။
ဦးတို့ခိုးပြေးခဲ့ကြပြီး၊ အိမ်ကသဘောမတူ
လိုက်ခွဲရာမှ..ကံကြမ္မာအလှည့်အပြောင်း
နဲ့အတူ...။
ဦးရဲ့အစ်ကိုအရင်းဖြစ်သူကဦးခင်ပွန်းရဲ့
လက်ထဲမှာတင်သေဆုံးသွားခဲ့သည်။

မယ်မယ်ကအမုန်းကြီးမုန်း၊အနာကြီးနာ
ခဲ့ပေမယ့်...ကိုယ်ဝန်နဲ့ကျန်ရစ်ခဲ့တဲ့ဦးကို
ပြန်ခေါ်ပြီး.. အိမ်မှာတိတ်တဆိတ်မီးဖွား
စေသည်။

ဦးကအခန်းထဲကလှမ်းအော်ပြီးအကူအ
ညီတောင်းနေသည်။
"ဝမ်းဆွဲသည် ဘာလုပ်ရမလဲသိတယ်နော်.."
"ဟုတ်ကဲ့..စိတ်ချပါသခင်မကြီး."

အပြင်မှာရာသီဥတုကအချိန်အခါမဟုတ်
လေပြင်းတွေတိုက်ပြီးမိုးကမရွာပဲချိန်းနေ
သည်။ ည၁နာရီကျော်မှာဦးမီးဖွားခဲ့သည်။
အူဝဲ..အူဝဲ..
ဦးကပင်ပန်းလွန်းသဖြင့်မေ့မျောသွားခဲ့
သည်။
ဝမ်းဆွဲသည်ကမွေးကင်းစကလေး
ကိုချီလာပြီး..
"မြေးဖြစ်သူက သားယောက်ကျားလေးပါ
သခင်မကြီး.."
"ဘာ မြေးလဲ..ဒီသတ္တဝါလေးကငါ့မြေးမ
ဟုတ်ဘူး..
လူသတ်သမားသား၊အစေခံရဲ့သား..
ငါ့သမီးဘဝကိုဖျက်ဆီးတဲ့မကောင်းဆိုး
ဝါးလေး.."
"ဟဲ့ မောင်မောင်ဇံ.."
သူ့ရဲ့မွေးစားသားကိုလှမ်းခေါ်လိုက်သည်။
"ရှိပါတယ် မယ်မယ်.."
ပိုက်ဆံတစ်အုပ်ပစ်ချပေးကာ...
"ဒီသတ္တဝါလေးကို သွားပစ်လိုက်.."
"ခင်ဗျာ..ဒါညီမလေးရဲ့သားမဟုတ်လား..
မယ်မယ်.."
"မင်းဘာကိုအရစ်ရှည်နေတာလဲ..ငါခိုင်း
တာပဲလုပ်စမ်း..
ပြီးတော့မင်းသိထားရမှာက..ဦးမွေး
တာမိန်းကလေး..မွေးမွေးချင်းဆုံးသွားပြီ
နားလည်လား.."
"ဟုတ်ကဲ့..ဒါဆိုကျွန်တော်ကဘယ်မှာပစ်"

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now