နတ်ရထားစီးတဲ့သတို့သမီး {23} unicode

8.3K 312 2
                                    


၂၃ နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း၂၃

နေတန်ခိုး..သူ့ကိုဖိတ်ကြားထားတဲ့ပရဟိတရန်ပုံငွေပွဲတစ်ခုသို့တတ်ရောက်လာသည်။
အများလှူဒါန်းထားသောပစ္စည်းတွေကိုလေလံတင်ရောင်းချပြီး ရရှိ့လာမည့်ငွေသားများကိုမိဘမဲ့ဂေဟာဆောက်လုပ်လှူဒါန်းမှာဖြစ်သည်။

"ယခုပြသမှာကတော့ဒေါက်တာဒေါ်ခင်သစ္စာမှ
လှူဒါန်းထားတဲ့
တန်မင်းဆက်လက်ထက်ကကြွေပန်းအိုးတစ်လုံးပါ ခင်ဗျာ...
ကြမ်းခင်းဈေးကန်ငွေ၂သောင်းကနေစပါမယ်..
လေလံစတင်ပါပြီ.."
ကန်၂သောင်းခွဲ..
ကန်၃သောင်း..
ကန်၃သောင်းခွဲ..
ကန်၅သောင်း...
"ထပ်ပေးမယ့်သူရှိပါသလား။
မရှိဘူးဆိုရင်.."
"ရှိတယ် ကန်၂သိန်း..."
"ခင်ဗျာ ကန်ငွေ၂သိန်းလို့ပြောလိုက်တာလား.."

အစကပွဲခင်းထဲမှာမီးရောင်မှိန်ပြပြလေးသာရှိနေပြီး..အခုမှသူ့ရှိရာသို့မီးစလိုက်ထိုးသောအခါ
သူကလက်ဖြင့်ကာထားသည်။
မီးရောင်မကြိုက်တဲ့သူ့ကြောင့် ဖရက်ဒီကအလိုက်တသိရှေ့ကကာပြီး..
"Bossကကန်ငွေ၂သိန်းလေလံဆွဲပါတယ်..."

အပေါ်ကလေလံပြသူမှ ..
"ခုနကသေချာမမြင်လိုက်လို့ပါ၊ဧကန်န GSကceoများလား ..ခင်ဗျာ"
သူဘက်ကဘာမှပြန်မပြော။
"👏ကန်ငွေ၂သိန်းထပ်ပေးမယ့်သူမရှိဘူးဆိုရင်
လေလံပိတ်ပါမယ်။
GSကceo လေလံအောင်မြင်သွားပါပြီ။"
🔨🔨🔨
"ပမာဏအများဆုံးထည့်ဝင်လှူဒါန်းတဲ့Boss တန်ခင်ဗျာ... တစ်စိတ်လောက်စင်မြင့်ပေါ်သို့ကြွ
ရောက်ပေးပါ။"
ကျစ်၊ မဖြစ်မနေမို့သူထလာသည်။
သူစင်မြင့်ပေါ်ရောက်တော့...
"အခုလိုပမာဏအများကြီးကို ဘယ်လိုရည်ရွယ်ပြီးလှူဒါန်းတာလဲ သိပါရစေ။"
"လှူတာပဲ ရည်ရွယ်ချက်လိုလား.."

"ဟုတ်ကဲ့ ..GS ရဲ့ceoကအလှူအတန်းရက်ရောတာကိုအားလုံးသိပြီးသားဖြစ်မှာပါ။
Global S groupဒီထက်မကအောင်မြင်ပါစေဗျာ.. "
သူ့ဆီသို့ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ဖို့လက်ကမ်းလျှင်..
"ခန.."
ဟင်..
ကြွေအိုးပိုင်ရှင်ဒေါ်ခင်သစ္စာတစ်ယောက်ရှေ့ထွက်လာလျှင်..
"ဘာဖြစ်လို့လဲအမကြီး.."
"ခုနကGlobal S လို့များကြားလိုက်သလားလို့..
ဟုတ်တယ်လေ အမကြီးဒီပုဂ္ဂိုလ်ကGS ရဲ့ceo
ပေါ့.."
"ဒါဆို နေတန်ခိုးဆိုတာ မင်းပေါ့..."
ဒီမိန်းမကဘာအထာလဲ။
"ငါကနိုင်ငံခြားကမနေ့တနေ့ကမှပြန်ရောက်တာဆိုပေမယ့် GSကဘာလဲဆိုတာတော့
ကောင်းကောင်းသိတယ်။
အထူးသဖြင့် မင်းအကြောင်းပေါ့.."

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Hikayelerin yaşadığı yer. Şimdi keşfedin