၁၃/နတ်ရထားစီးတဲ့ သတို့ သမီး
အပိုင်း>>၁၃
"ဟင့်အင်း..ခင်ဗျား ဘုံ့ကိုလွှတ်.."
ဘော်ဒီဂတ်တွေကိုထားပြီး၊ဘုံ့ကိုတင်ပြီး
ကိုယ်တိုင်ကားမောင်းထွက်လာတာ..ဘုံ
ကအငြိမ်မနေတော့ခက်ပြီ...
သူ့လက်တစ်ဖက်ကဘုံ့ကိုဖမ်းဆွဲထားရ
တာကြောင့်ကားကယိမ်းထိုးနေသည်။
"ဘုံ မင်းငြိမ်နေလိုက်..မဟုတ်ရင်အက်ဆီးဒင့်ဖြစ်လိမ့်မယ်.."
"သေပါစေ...ခင်ဗျားနောက်တော့မလိုက်
နိုင်ဘူး.."
"ဘာပြောတယ်.. "
ဘုံ့ကိုခပ်စူးစူးစိုက်ကြည့်ပြီး...
"ကောင်းပြီလေ..."
Speedကိုအမြင့်ဆုံးတင်လိုက်တော့..
အနားရှိဖြတ်သွားသောအရာရာတိုင်းသည်ရိပ်ခနဲရိပ်ခနဲသာမြင်နေရသည်။
မီးပွိုင့်အလွတ်မှာဖြတ်လာသောကားတစ်
စီးကိုလည်းဝင်တိုက်ပစ်လိုက်၍ ထိုကား
ဘေးထိုးကျကျန်ရစ်ခဲ့သည်။
အဲ့ဒါ..ကိုယ့်ဒေါသတွေဆိုတာ မင်းယုံရဲ့
လား...
"ကားရပ် အခုရပ် ခင်ဗျားရူးနေလား.."
ဘုံကဂီယာကိုပြန်ဆွဲသည်။သူကဘုံ့လက်
ကိုပုတ်ထုတ်ပြီး..ဦးတည်ရာမဲ့လျှောက်
မောင်းသည်။ကားတစ်စီးပြီး၊တစ်စီးဝင်
တိုက်ကာ၊လမ်းပြင်နေတဲ့နေရာမချန်ဝင်
ကြုံးပစ်ပြီးဆက်သွားသည်။
"ကားအခုရပ်လိုက်ဆို.."
"မင်းပဲသေချင်တာဆို..အခုမှဘွာမခတ်
ကြေးလေ.."
"ခင်ဗျားကြီးရူးနေပြီလား.."
ရှေ့မှာရထားဖြတ်ဖို့သံလမ်းဂိတ်ကိုပိတ်
နေတာ..အဲ့ဒါကိုပါဝင်တိုက်ပစ်တော့..
ခုတ်မောင်းလာတဲ့ရထားနဲ့အင်မတန်နီး
![](https://img.wattpad.com/cover/298714467-288-k424331.jpg)
YOU ARE READING
နတ်ရထားစီးတဲ့သတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...