နတ်ရထားစီးတဲ့သတို့သမီး {9} unicode

9.3K 335 5
                                    


၉/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း>>၉

ဘုံတ်ို့အပြန်လမ်းမှာ၊ထမင်းစားချိန်ကျော်
ပြီမို့ထမင်းဆိုင်တစ်ခုထဲဝင်ကာ..
"ကိုဝလုံး..ဒီကထမင်း၊ဟင်းလက်ရာကောင်းတယ်သိလား၊ဘုံဒီမှာခဏခဏ
လာစားဘူးတယ်...
ဈေးလည်းမကြီးဘူး..စားချင်တာနဲ့မှာစား
သိလား..ဒီနေ့ဘုံဝယ်ကျွေးမယ်..."

"မဟုတ်တာပဲ..ငါကအကြီးဖြစ်ပြီးအငယ်
ဆီကကပ်စားစရာလား..နင်ကြိုက်တာ
သာမှာစား..ငါဝယ်ကျွေးမယ်.."
"ဘုံကအစားကြီးတယ်နော်.."
"စားစမ်းပါကောင်မလေးရဲ့..
ဒါနဲ့ ငါနင့်ကိုမေးမလို့..နင်နေတန်ခိုးနဲ့
ဘယ်လိုသိကြတာလဲ.."
"ဟင့်အင်း..မသိပါဘူး.."
"နင့်ကိုရင်းရင်းနှီးနှီးပြောနေတော့..နင်နဲ့
သိတယ်ထင်လို့.."
"ဘယ်ကလာရင်းနှီးကမှာလဲ..နဂိုထဲကအဲ့
လူကြီးကမိန်းကလေးဆိုတာနဲ့အရောဝင်
ချင်တာနေမယ်...
သူ့အကြောင်းကိုကြီးဝလုံး.မကြားဘူးဘူးလား..လုံးဝနှာဘူးကြီးပါဆို..."
ဘုံကနှာခေါင်းလေးရှုံ့လိုက်မဲ့လ်ိုက်နဲ့ပြော
နေပေမယ့်...

"ငါတော့အဲ့လိုမထင်ပါဘူး..သူကချမ်းလည်းချမ်းသာတယ်.ရုပ်ကလည်းဖြောင့်
တယ်..ယောက်ျားချင်းတောင်ရှိန်လောက်
အောင်တည်တယ်ခန့်တယ်..
လာပါလို့ လက်ယက်ခေါ်စရာမလိုအောင်
မိန်းကလေးတွေကဝိုင်းဝိုင်းလည်နေမှာပဲ.
သူ့ဝန်ထမ်းမလေးတွေကလည်းမော်ဒယ်
တွေနီးနီးလှကြတာပဲ...ဒါတောင်လုံး၀
မျက်နှာသာပေးပုံမရဘူး..
နင့်ကိုကြမှ တရင်းတနှီးပြောနေတာ.."

ကျွတ်..အဲ့လောက်တောင်သ်ိသာနေလား၊
"ကိုကြီးကလူကိုတရားခံရှာနေတာပဲ.."

"အဟား..မဟုတ်ပါဘူး..ဘာပဲဖြစ်ဖြစ်
ငါတို့မင်းသမီးလေးကျေးဇူးနဲ့..ဂျာနယ်
တိုက်ရွှေခေတ်ရောက်အုံးမှာပဲ...
နောက်တစ်ခါဗျူးဖို့စကားလေးဘာလေး
မစခဲ့ဘူးလား.."
"ဘယ်သူက သူနဲ့နောက်တစ်ခေါက်တွေ့
ချင်မှာလဲ..သူ့ရဲ့သောက်ကျောတင်းချင်း
တစ်ရာနဲ့အဖြေတွေကိုကိုကြီးမကြားဘူး
လား.."
"ဒိတ်ဒိတ်ကြဲသူဌေးပဲဟ..လမ်းဘေးကဘ
ယာကြော်သည်ကိုတနေ့ဘယ်လောက်ဖိုးရောင်းရလဲလို့မေးတာနဲ့တော့တူပါ့မလား"

"ဘယာကြော်သည်ကိုပဲသွားဗျူးလိုက်ချင်
တယ်..ဟွန့်...
ဒါနဲ့ကိုကြီးပုံတွေပြအုံး.."
ကင်မရာကိုကိုယ်တိုင်ယူကြည့်ပြီး..
"ဟာ..ဒီဘက်မှာဘုံပါနေပြီ.."
"ဟဲ့..ဟဲ့ အကုန်လျှောက်မဖြတ်နဲ့လေ
တစ်ပုံမှမကျန်ပဲနေတော့မယ်.."
"ကိုကြီး ရိုက်ထဲကဘုံ့ပုံမပါအောင်ရိုက်ပေါ့.."
"နင်ငါ့ကင်မရာထဲကဟာတော့ဖျက်လည်းဟိုမှာကဗီဒီယိုရိုက်ထားသေးတာ.."
"ဟမ်..ဘယ်မှာ..နောက်ထပ်ကင်မရာ
တစ်လုံးရှိနေသေးတာလား.."
"အင်းလေ..သူတို့လည်းအင်တာဗျူးကို
ရိုက်ယူထားတာနေမယ်.."
"အံမာ...ဘယ်သူခွင့်ပြုချက်နဲ့လဲ..."

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now