နတ်ရထားစီးတဲ့သတို့သမီး {8} zawgyi

3.7K 62 2
                                    

၈/နတ္ရထားစီးတ့ဲ သတို ့သမီး

အပိုင်း>>၈

မင်းမာန်တဲ့..နာမည်အတိုင်းမာနကြီးပြီး

ခပ်ချေချေနေတတ်သောကျောင်းတုန်းက

သူငယ်ချင်းတစ်ယောက်ကအခုတော့

ထင်ကျော်ဇောရှေ့ကိုလာပြီးဦးတိုက်မ

တတ်ဝပ်တွားတောင်းပန်နေသည်။

ငွေချေးပါအုံးတဲ့.. ရှယ်ယာတွေပါအပေါင်

အဖြစ်ထုတ်ပေးနေတာဖြစ်သည်။

ထင်ကျော်ဇောအနေနဲ့က

သူ့လုပ်ငန်းအခြေအနေမဟန်တော့ဘူးလို့

ကြားထားသည့်အပြင်၊သူလာချေးသော

ငွေအမောင့်ကလည်းသေးသေးကွေးကွေးမဟုတ်။

မိမိမှာကိုယ်ပိုင်လုပ်ငန်းရှိသည့်အပြင်

မေမေ့ပိုင်ဆိုင်မှုတွေနဲ့ဆို သူ့အတွက်တ

သက်စားမကုန်လို့..တခြားလုပ်ငန်းဘက်

ကိုလည်းစိတ်မ၀င်စားတာအမှန်ပါ..

"မင်းမယုံဘူးဆိုရင်လည်းအိမ်ကော၊ကား

ကောရှိသမျှအကုန်ယူထားပါ..

ဘာပဲဖြစ်ဖြစ်ကုမ္မဏီကိုတော့အဲ့ဒီ့ကောင်

လက်ထဲမရောက်အောင်ကယ်ပေးပါ..

လူ့အသက်ကိုကယ်တယ်လို့သဘော

ထားပြီးကယ်ပေးပါကွာ.."

သူတို့ကုမ္မဏီအရစ်ကြပြုတ်နေတာကိုသိ

ပေမယ့်..တစ်ဦးတစ်ယောက်ကရည်ရွယ်

ချက်ရှိရှိနဲ့လုပ်နေတာမှန်းအခုမှသိရသည်

..ဒါဆိုသူဝင်ပါသင့်သလား...

ထိုစဉ် မင်းမာန်ဆီဖုန်းဝင်လာ၍..

××××××

"ဘာ..ပစ္စည်းဖိုးတွေတစ်ပတ်အတွင်းမရှင်းရင်တရားစွဲမယ်ဟုတ်လား..."

××××

"လက်တွဲလုပ်လာတာဘယ်လောက်ကြာ

ပြီလဲ..ဒီလောက်အချိန်လေးနဲ့ဘယ်လိုရှာ

ရမလဲ.."

×××××

"အေး..ရတယ် လုပ်ချင်တာသာလုပ်.."

နတ်ရထားစီးတဲ့သတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now