နတ်ရထားစီးတဲ့သတို့သမီး {32} unicode

12.2K 398 6
                                    


နတ်ရထားစီးတဲ့ သတို့သမီး ၃၂

တရှုံ့ရှုံ့နဲ့ငိုနေပြီး အိပ်ယာထဲလဲနေတဲ့ ဘုံ..

ဦးဒေဝကသူမကိုလာတွေ့သည်။
"သမီး.. "
"ဘဘ ဘုံ့ကိုသူဒီလောက်ထိပြောဖို့လိုလား..
ဒီလောက်ထိလုပ်ဖို့လိုလား ..."
စကားအစပ်စပ်မရှိ မြင်တာနဲ့တိုင်တန်းလိုက်သည်။
"တောင်းပန်ပါတယ်ကွယ်.. "

"ဘဘမတောင်းပန်ပါနဲ့ ..ဘုံကသေလောက်အောင်အမှားကျူးလွန်ထားတဲ့ အပြစ်သားကြီးပါ..
အခုကော သူလွှတ်တာလား မဟုတ်ဘူးမှတ်လား"

ငိုနေရတာတောင် စိတ်ကသူလာခေါ်ဖို့မျှော်လင့်နေတာပဲကြည့်..
"သမီးကို ဘဘ ပြစရာတွေရှိလို့ပါ.. ခဏလိုက်ခဲ့ပါလား.. သမီးဒါကိုမြင်ရင် သခင်လေးစိတ်ကိုနား
လည်သွားမှာပါ..."

နောက်တနေ့မှာ နံနက်စောစော ဦးဒေဝက ဘုံအား၊ မိဘမဲ့ဂေဟာတစ်ခုကိုခေါ်လာသည်။
"ဒါက သူတည်တောင်ထားတဲ့ဂေဟာဆိုတာ.."
"ဟုတ်ပါတယ်.."

ဂေဟာဝန်းကအကျယ်ကြီးဖြစ်သလို.. အတွင်းမှာ
သစ်ရွက်တစ်စပင်မရှိအောင်ရှင်းလင်းသန့်ပြန့်နေ
သည်။
နံနက်စောစောမို့ ခလေးတွေကာယလေ့ကျင့်ခန်း
လုပ်နေကြသည်။ကာယနည်းပြမှာနောက်ကျောက
ကြည့်ရင် ရင်းနီးသလိုရှိလှတာမို့..
"တစိတ်လောက်..."
သူမကလှည့်ကြည့်ပြီး..
"မမလေး..."
အားရဝမ်းသာနှုတ်ဆက်သည်။
"အမ်မလီ ရှင် ရှင် တကယ်မသေဘူးနော်.."

"ကျွန်မ ဘာမှမဖြစ်ပါဘူးမမလေး.. ဒီအတောအ
တွင်းစိတ်ပူအောင်လုပ်မိတာတောင်းပန်ပါတယ်..
သခင်လေးက မမလေးနဲ့ထပ်မတွေ့ရဘူးဆိုလို့
ကျွန်မ လာမတွေ့တာပါ.."
"သူ ရှင့်ကိုဒီပို့ထားတာပေါ့.."
"ဟုတ်ကဲ့ ကျွန်မကဒီကလေးတွေကိုကာယသင်ပေးရတယ်လေ..."

ထိုစဉ်ဝှီးချဲလေးကို ကိုယ်တိုင်တွန်းပြီးကောင်လေး
တစ်ယောက်အနားရောက်လာသည်။
"မမ.. ဧည့်သည်ရောက်တယ်ဆို.."
"သတင်းကြားတာမြန်လှချည်လား..
ဒီမှာနှုတ်ဆက်လိုက်အုံး ...
ဒါသခင်လေးရဲ့ အိမ်သူပဲ.."

အိမ်သူလို့ပြောတော့ ဘုံ့ရင်ထဲလှိုက်ခနဲ..
ဒါပေမယ့် သူကဘုံ့ကိုနှင်ထုတ်လိုက်ပြီလေ..
"သူက..."
"ကျွန်မရဲ့မောင်လေးပါ..."
ဟင်..
မောင်နှမနှစ်ယောက်စလုံး ရီရီမောမောနဲ့သူမကို
ပြန်နှုတ်ဆက်နေသည်။ ဝမ်းသာစရာမြင်ကွင်းပါပဲ

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now