၂၅ နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း >>၂၅
ကားရှိုးရွမ်းတစ်ခုအနီးသို့သူရောက်ရှိနေပြီး..
လူတစ်ယောက်ကိုလှမ်းအကဲခတ်နေသည်။
"အဲ့လူကအလုပ်လုပ်တာတော့မဆိုးပါဘူး Sir
ဒါပေမယ့် လုပ်ငန်းကြီးကိုတာဝန်မယူဘူးတဲ့သူပါ"
စောင့်ကြည့်ခိုင်းထားတဲ့စိုင်းလုက သူအားရှင်းပြနေ
သည်။
"ဘယ်သူက မွေးကတည်းကပြီးပြည့်စုံလို့လဲ..
ငါယူခိုင်းထားတာတွေ ရပြီလား.."
"ဟုတ် စာရွက်စာတမ်းတွေကဒီမှာပါ.. "
စိုင်းလု ပေးတာတွေကိုသူစစ်ကြည့်ပြီး 📂
"မင်း ပဲသိမ်းထားလိုက်တော့.."
"ဘယ်တော့လောက်စရမလဲ Sir.."
"မြန်လေကောင်းလေ.."
"ဦးရဲအောင်ဘက်က chanceပေးဖို့တောင်းဆို
နေတာ.."
"စိုင်းလု မင်းကိုငါဘယ်လိုသင်ထားလဲ.."
"လုပ်ငန်း လုပ်ရင်တွေဝေမှုမရှိရဘူး.."
"နားလည်ရင် ဆက်လုပ်.."
"boss ဒါပေမယ့် ဦးရဲအောင်ကိုဖြုတ်ချပြီးရင်
ဘာလို့အဲ့လူကိုတင်ပေးမှာလဲ..
သူကဦးရဲအောင်ရဲ့သမက်ဆိုတော့ ကျွန်တော်တို့
လူမဟုတ်ပါဘူး..
တခြားအရည်အချင်းရှိတဲ့လူတွေ GSမှာအများကြီး
ရှိပါတယ်.."
"ဒီကားရှိုးရွမ်းကGS အတွက်လုပ်ဆောင်နေတာ
မဟုတ်ဘူး..
အဲ့ကောင်ကိုငါပေးရမယ့်အကြွေးရှိလို့ပဲ..
မင်းဘာမှထပ်မမေးနဲ့.."
"ဟုတ်.."
သူလည်းမျက်ကွယ်ပြုထားကော.. စိုင်းလုကဖရက်ဒီကိုကပ်ကာ..
"Bossကအဲ့ဒီ့ကောင်ဆီကဘာတွေအကြွေးယူ
ထားလို့လဲ.."
"မင်းတကယ်မသိဘူးလား.. အဲ့လူကမမလေးရဲ့
အစ်ကိုအရင်းလေ.."
YOU ARE READING
နတ်ရထားစီးတဲ့သတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...