နတ်ရထားစီးတဲ့သတို့သမီး {27} unicode

8.9K 306 0
                                    


၂၇/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း >>၂၇

သူကကုတင်ပေါ်ကျောနောက်ခေါင်းအုံးများမှီကာ
ခပ်လျှောလျှောထိုင်နေပြီး.. စီးကရက်ဖွာရှိုက်ရင်း
ဘုံ့အားစောင်းငဲ့ကြည့်နေသည်။
သူ့ဘက်ကိုမျက်နှာမူထားပြီး ယုန်ပေါက်လေးလို
ခပ်ကွေးကွေးအိပ်ပျော်နေတဲ့ဘုံ..
မျက်နှာလေးကသွယ်မယောင်ဝိုင်းမယောင်နဲ့ပါး
လေးနှစ်ဖက်ကြပန်းသွေးရောင်မိုမို့လေး...နှုတ်ခမ်း
သားပြည့်ဖူးဖူးလေးကအနီရောင်သန်းနေတတ်ပြီး.
ပုံပြင်ထဲကစနိုးဝှိုက်မင်းသမီးလေးလိုသူမ..

ကြည့်ရင်း ကြည့်ရင်းတကယ်အသဲယားစရာမို့ ငုံ့
နမ်းလိုက်သည်။
အင် ...အင်..အဟွတ်..
စီးကရက်ရနံ့နဲ့သူ့အထိအတွေ့ကြောင့်ဘုံနိုးသွား
တော့ ကိုယ့်ကိုကိုယ်ပဲကျိန်ဆဲချင်မိသည်Shit..

ဘုံမျက်လုံးဖွင့်ကြည့်ပြီး.. အပေါ်ဝတ်ဗလာနဲ့ထိုင်နေတဲ့သူ့ကိုမြင်ပြီး..
"အမလေး..."
အလန့်တကြားနဲ့ ခြုံစောင်ထဲခေါင်းဝှက်ပုန်းနေပြန်
သည်။
ဟမ်.. ဘာဖြစ်သွားတာလဲ..
ခါးမှာတော့ဘောင်းဘီရှည်ဝတ်ထားသားပဲ။

"ဘုံ ဘာလဲ မင်းရှက်နေတာလား..
ညကတော့မင်းအဲ့လိုမဟုတ်ပါဘူး ၉..ကျားရိုင်းမလေးလိုကိုယ့်ကိုဖမ်းစား..အား"
ခြုံစောင်ထဲကနေသူ့ကိုလှမ်းထုကာ..
"ခင်ဗျားကြီး အပိုတွေမပြောနဲ့.."
"ကဲပါ ကဲပါ မပြောတော့ဘူး ...
ထ ကိုယ့်ကိုကြည့်.."
"ဟင့်အင်း..."
သူကစောင်ကိုအတင်းဆွဲဖယ်ပစ်သည်။
"ဟာ ခင်ဗျား ဘာဖြစ်နေတာလဲ.."
"ကိုယ် မင်းနဲ့စကားပြောချင်တယ်..."
"ဟင့်အင်း ဘုံ့ မှာပြောစရာမရှိဘူး.."

"ကိုယ့်ကိုထီပေါက်ပြီး ထီလက်မှတ်ပျောက်သူလို
ဖြစ်အောင်မလုပ်ပါနဲ့.. မင်းကြည်ဖြူခဲ့တာပဲမဟုတ်
ဘူးလား.."
"ခင်ဗျား အဲ့တာကိုပဲအသားယူပြောတော့မှာဘုံသိ
တယ်၊ အဲ့တာကြောင့်ဘာမှမပြောချင်ပါဘူးဆို..
ဘုံ ငိုလိုက်မှာနော်.."
"ဟာ ဟေ့မဟုတ်ဘူးလေ ..ဘာလို့.."

"ဘုံရှက်ပါတယ်ဆို ..ခင်ဗျားဘာလို့လျှောက်ပြောနေလဲ.."
"ချစ်သူနှစ်ယောက်ပေါင်းဖက်မိတာ ဒါရှက်စရာမှ
မဟုတ်တာကွာ.."
"ခင်ဗျားကအရှက်မှမရှိတာ.."

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now