၁၅/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း>>>၁၅
အကြံအိုက်နေတဲ့ဘုံ..အခန်းထဲမှာပဲနံနက်စာကိုယူစားရင်း..ဘာကိုမှစိတ်မပါ
စွာ..တို့ခနန်းဆိတ်ခနန်းပဲစားနေသည်။
"မမလေး..ဒါကိုမကြိုက်ဘူးဆိုရင်တခြား
တစ်ခုခုယူလာခိုင်းပါ့မယ်.."
"ဟင့်အင်း.. ဘာပဲစားစားအတူတူပါပဲ.."
"ဒါဆို စားချင်တာရှိရင်ဘာပဲဖြစ်ဖြစ်ကျွန်မ
ကိုပြောပါ..အပြင်ကအစားအစာဆိုရင်
လည်းမှာပေးပါ့မယ်.."
"စားချင်တာ..အဟင်း.. အစ်မအမ်မလီ..
ရှင်လေယိုတွေအများကြီးသုတ်ထားတဲ့
ဆန်းဒွရ်ကိုကြိုက်လား.."🍰
"ဟင့်အင်း..ကျွန်မယိုမကြိုက်ဘူး.."
"ဘုံ့အမေကလေ..ဘုံ့တို့ကိုမနက်တိုင်းအဲ့
တာလုပ်ကျွေးတယ်သိလား...
.ဘယ်လောက်တောင်ချိုအီလဲဆိုရင်..
မစားနိုင်တော့လို့..အပြင်ကိုယူလာပြီး
လမ်းဘေးကခွေးတွေကိုနေ့တိုင်းကျွေးပစ်
တယ်.. ဘုံကလေ..ဘုံအဲ့လိုလုပ်ခဲ့တာ...
မေမေကဘုံစားဖို့ယိုများရင်ပိုကောင်းမယ်
ထင်ပြီး..သေချာလုပ်ပေးတာကို..
ဘုံဘာလို့များအဲ့လိုလုပ်မိခဲ့ပါလိမ့်နော်..
ဘုံ့အထင်တသက်လုံးမေမေလုပ်ပေးတဲ့
အဲ့ဒီဆန်းဒွရ်ကိုစားရမယ်ထင်ခဲ့မိတာ..
ဘုံရူးမိုက်တာပဲ...
အခုမှ မေမေလုပ်တဲ့ဆန်းခ်ျဒွရ်ကို
ဘုံသေမတတ်စားချင်နေတယ်..သိလား.
ဘုံမကောင်းတာပါ..ဘုံမိုက်မဲတာ..မေမေ
လုပ်ပေးနေတုန်းကအားလုံးကုန်အောင်
စားခဲ့သင့်တာ၊မဟုတ်ဘူးလား... "
"မမလေး ရယ်.."
ဘုံမျက်ရည်ကျမိပြန်သည်။အနည်းဆုံးတော့..တစ်ယောက်ယောက်ကိုရင်ဖွင့်ချင်တာဖြစ်သည်။
YOU ARE READING
နတ်ရထားစီးတဲ့သတို့သမီး {Complete} {zawgyi,unicode}
Romanceနာမည်ကျော်ကြားလူကြောက်များတဲ့.. ထိပ်တန်းgroupရဲ့Ceo "သူကno mediaပဲ..သူ့သတင်းတွေ အားလုံးကလျှိဝှက်တယ်၊သူထွက်လာ တိုင်းဘေးမှာဘော်ဒီဂတ်တွေအများကြီး နဲ့မို့ဓာတ်ပုံတောင်ခိုးရိုက်လို့မရဘူးတဲ့" "သူ့ရန်သူမှန်သမျှနှစ်ရက်ထပ်ပိုပြီးအသက်မရှည်ကြဘူးတဲ့.." ဤကဲ့သို့သ...