နတ်ရထားစီးတဲ့သတို့သမီး {7} unicode

9.2K 346 4
                                    


၇/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း >>၇

G´five hotel.. တစ်ခြားကမ္ဘာသစ်တစ်ခုရောက်ရှိသွားသလို၊အကောင်းဆုံးrelax
လုပ်နိုင်မည့်ဇိမ်ခံဟော်တယ်ကြီး...

နေတန်ခိုးအတွက်ဒီဟော်တယ်ကသူရဲ့
ဒုတိယအိမ်ပါ..စီးပွားရေးသမားတွေသူ့
ကိုတွေ့ချင်ရင်ဒီမှာရှာ၊အရင်ကမိန်းကလေးရည်းစားတွေနဲ့လည်းဒီမှာပဲ နေလေ့ရှိပြီး..
သူ့ရဲ့အိမ်အစစ်ကိုတော့တော်ယုံလူမသိ
ကြပါ။မသိအောင်လည်းမြို့ပြင်ထုတ်ပြီး
တမင်ဆောက်ထားတာ...
ဒီဟော်တယ်ကိုစီးပွားဖြစ်ထက်..သူအနား
ယူဖို့ဆောက်ထားတာဆိုပိုမှန်၏..
ဟုတ်တယ်.. သူ့ပိုက်ဆံတွေထားစရာမရှိ
အောင်ကိုချမ်းသာနေလို့...
သူမပြောနဲ့..သူ့ငယ်သားတွေအတွက်တောင်ဒီမှာနေဖို့အခန်းတွေရှိသည်။

သူ့အခန်းထဲမှာ..ဟောင်ကောင်ကလုပ်ငန်းရှင်တွေနဲ့ဗီဒီယိုကောတွေ့ဆုံနေတုန်း.

"ဟေ့ကောင် ဝင်လို့မရဘူး.."
"ဖယ်စမ်း...ခွပ်.."
အပြင်မှာရုန်းရင်းဆန်ခတ်ဖြစ်ပြီးသူ့အခန်း
ထဲကိုလူတစ်ယောက်ဒုန်းစိုင်းဝင်ရောက်
လာသည်။
ဖရက်ဒီကတားဖို့ပြေးသွားလျှင်..
"နေပါစေ..ဧည့်သည်ပဲကို..
ဘယ်သူလဲ ငါ့ကိုဘာလို့တွေ့ချင်တာလဲ"
ထိုလူမှ...
"ငါဘယ်သူမှန်းတောင်မင်းမသိဘူးလား"

"မြင်မြင်သမျှလူကို မျက်နှာလိုက်မှတ်
စစ်တမ်းကောက်တာလူဝင်မှုကြီးကြပ်ရေးအလုပ်..ငါ့အလုပ်မှမဟုတ်တာ.."

"ဒါပေါ့ မင်းအလုပ်ကသူခိုးပဲလေ...
အခုမင်းခိုးဖို့ကြံနေတဲ့ king kabarကငါ့
အဖေကုမ္ပဏီကွ."
သြော်
"ဒါဆို မင်းညံ့ကြောင်းလာကြွားတာပေါ့."

"နေတန်ခိုး.. မင်းဘယ်လိုလုပ်ရပ်တွေနဲ့
ဦးသီဟကိုအလဲဖြိုခဲ့လဲ..ငါသိပြီးသား.."
"မင်းတစ်ယောက်ပဲ သိတယ်များထင်နေ
လား..အဟား..
အားလုံးသိတယ်၊ဒါပေမယ့်ဘယ်သူမဟ
ရဲတာ..ငါကနေတန်ခိုးဖြစ်နေလို့ပဲ.."

"မင်းကိုယ်မင်းဟုတ်လှပြီမထင်နဲ့.. အဲ့တာ
မင်းကိုသတိလာပေးတာ.."
"အဲ့ဒီအစားမင်းအတွက်ပဲ ဘုရားမှာဆု
တောင်းနေလိုက်စမ်းပါ..."
"Jsquareကိုမင်းဖြိုခဲ့တာ..မင်းလည်းဘာ
မှပြန်မရလိုက်ပါဘူး..ဟုတ်တယ်မှတ်လား..အဟွန်း.."

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now