နတ်ရထားစီးတဲ့သတို့သမီး {13} unicode

9.6K 382 3
                                    


၁၃/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း>>၁၃

"ဟင့်အင်း..ခင်ဗျား ဘုံ့ကိုလွှတ်.."
ဘော်ဒီဂတ်တွေကိုထားပြီး၊ဘုံ့ကိုတင်ပြီး
ကိုယ်တိုင်ကားမောင်းထွက်လာတာ..ဘုံ
ကအငြိမ်မနေတော့ခက်ပြီ...
သူ့လက်တစ်ဖက်ကဘုံ့ကိုဖမ်းဆွဲထားရ
တာကြောင့်ကားကယိမ်းထိုးနေသည်။
"ဘုံ မင်းငြိမ်နေလိုက်..မဟုတ်ရင်အက်ဆီးဒင့်ဖြစ်လိမ့်မယ်.."
"သေပါစေ...ခင်ဗျားနောက်တော့မလိုက်
နိုင်ဘူး.."
"ဘာပြောတယ်.. "

ဘုံ့ကိုခပ်စူးစူးစိုက်ကြည့်ပြီး...
"ကောင်းပြီလေ..."
Speedကိုအမြင့်ဆုံးတင်လိုက်တော့..
အနားရှိဖြတ်သွားသောအရာရာတိုင်းသည်ရိပ်ခနဲရိပ်ခနဲသာမြင်နေရသည်။
မီးပွိုင့်အလွတ်မှာဖြတ်လာသောကားတစ်
စီးကိုလည်းဝင်တိုက်ပစ်လိုက်၍ ထိုကား
ဘေးထိုးကျကျန်ရစ်ခဲ့သည်။
အဲ့ဒါ..ကိုယ့်ဒေါသတွေဆိုတာ မင်းယုံရဲ့
လား...
"ကားရပ် အခုရပ် ခင်ဗျားရူးနေလား.."

ဘုံကဂီယာကိုပြန်ဆွဲသည်။သူကဘုံ့လက်
ကိုပုတ်ထုတ်ပြီး..ဦးတည်ရာမဲ့လျှောက်
မောင်းသည်။ကားတစ်စီးပြီး၊တစ်စီးဝင်
တိုက်ကာ၊လမ်းပြင်နေတဲ့နေရာမချန်ဝင်
ကြုံးပစ်ပြီးဆက်သွားသည်။

"ကားအခုရပ်လိုက်ဆို.."
"မင်းပဲသေချင်တာဆို..အခုမှဘွာမခတ်
ကြေးလေ.."
"ခင်ဗျားကြီးရူးနေပြီလား.."

ရှေ့မှာရထားဖြတ်ဖို့သံလမ်းဂိတ်ကိုပိတ်
နေတာ..အဲ့ဒါကိုပါဝင်တိုက်ပစ်တော့..
ခုတ်မောင်းလာတဲ့ရထားနဲ့အင်မတန်နီး
ကပ်လှပြီ..
အား......နေတန်ခိုး
ဘုံအသားကုန်အော်ဟစ်သည်။
ကားကပွတ်ကာသီကာဖြစ်ကျော်သွားပြီး.
ဂျိမ်း..ရထားစက်ခေါင်းမှသံလမ်းဂိတ်က
အပျက်အစီးများပွတ်ကြိတ်သံများဆူညံ
သွားသည်။
ဒုန်း...
ကားကထိုနေရာကိုဖြတ်ပြီးနောက်ရှေ့က
လမ်းသုံးခွအစုံနေရာမှာပလက်ဖောင်းပေါ်
တင်ပြီးစက်ရပ်သွားသည်။
ကားအင်ဂျင်မှမီးခိုးတွေအူလျက်..အရာ
အားလုံးငြိမ်သက်သွားခဲ့သည်။

နောက်မှာယာဉ်ထိန်းရဲကားတွေတဝီဝီနဲ့
လိုက်ပါလာသည်။
ဖရက်ဒီ နဲ့တခြားသူတွေလည်းရှေ့ဆင့်
နောက်ဆင့်ရောက်လာကြသည်။
ဖရက်ဒီပြေးဆင်းလာပြီး...
"Boss..အဆင်ပြေရဲ့လား.. "

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now