နတ်ရထားစီးတဲ့သတို့သမီး {10} unicode

9.9K 368 7
                                    


၁၀/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း>>၁၀

ဘုံဒီနေ့ဟိုလူကြီးနဲ့dateလုပ်ရမှာ...
ဒါပေမယ့် မနက်ကတည်းကညအပြန်နောက်ကျမယ်လို့ပြောရင်မေမေပူညံပူညံ
လုပ်မှာစိုးလို့..ရုံးရောက်မှဖုန်းလှမ်းဆက်
လိုက်သည်။
"ဟလို..မေမေ.."
"ပြောပြော သမီးလေး.."
အံမယ်..ငါ့အမေအသံတယ်ချိုသာနေပါ
လား..ဧကန်နအရောင်းအဝယ်ကောင်း
တယ်ထင်တယ်..အတော်ပဲ..ဟွန်း..ဟွန်း.

"မေမေ..ဒီညလေ.."
"အေးအေး..ညနေကြရင်စောစောပြန်လာ
ခဲ့သိလား..မေမေပြောစရာရှိတယ်.."
ငင့်..
"မဟုတ်ဘူး မေမေ..ဘုံဒီညအိမ်ပြန်နောက်ကျမယ်လို့အဲ့တာဖုန်းလှမ်းဆက်တာ.."
"ဘာလို့နောက်ကျမှာလဲ.."
"ဟိုလေ red conceptရှိူးမေမေ..ဘုံတို့
အဖွဲ့သားတွေအားလုံးသွားရမှာလေ..
ဟင်း..ဟင်း.. မေမေသိတယ်မို့လား..
မော်ဒယ်လ်လျှောက်တာတို့ဘာတို့အ
ကုန်ပါမှာမို့..ဘုံနဲနဲတော့နောက်ကျမယ်..
ဒါပေမယ့် မေမေစိတ်မပူနဲ့သိလား..
ချုပ်ကော..မမမိုကာကောအကုန်ပါတယ်
အိမ်တိုင်ယာရောက်ပြန်ပို့ပေးမယ်တဲ့...
ဟို.မေမေမစောင့်ပဲအိပ်နှင့်နော်.."

"မေမေကသမီးနဲ့စကားပြောမလို့ကို.."
"မနက်ကြမှပြောပေါ့မေမေရဲ့..မနက်ဖြန်
ဘုံ့နားရက်ပဲ.."
"အင်း အင်းပြီးရော..အရမ်းကြီးတော့ည
မနက်စေနဲ့.."
"ဟုတ်..စိတ်ချမေမေ.."

ဟူး...မိဘကိုတော့မုသာဝါဒတွေထပ်ကျူးလွန်ရပြန်ပြီ။

>>>>>>>>>
ဖြစ်ချင်တော့ဒီနေ့တိုက်မှာအလုပ်များနေ
၍ဘုံအပြင်ထွက်လာတော့ ၅နာရီ၄၅မိနစ်
ရှိနေပြီ..
စပို့ရှပ်ကနက်ပြာရောင်၊ဂျင်းဘောင်းဘီ
ရှည်နဲ့သွားလေရာပါတဲ့ကျောပိုးအိတ်တစ်
လုံးရယ်..ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းပြီး
ကားဂိတ်ဆီလျှောက်လာသည်။
ဘစ်ကားလာပေမယ့်..ဘယ်သွားရမလဲ
မသိတာကြောင့်..တတ်မစီးပဲ..
ကားမှတ်တိုင်ကနေရှေ့သို့ဆက်လျှောက်
လာသည်။
ကျွီ
ဘေးမှာသိမ့်ခနဲ..ငြိမ့်ခနဲလာထိုးရပ်တဲ့
ကားအဖြူတစ်စီး ...
အဲ့ကားပေါ်ကနေသူရဲ့လက်ရုံးတစ်ယောက်ဆင်းလာသည်။
"အော်..ဟို..လူ.."
"ကျွန်တော့်နာမည် ဖရက်ဒီပါမမလေး"

ဘုံလက်ကနာရီလေးကိုငုံ့ကြည့်လိုက်သည်။ တကယ်ပဲ၆နာရီတိတိ..
"ဘုံနောက်ကို နောက်ယောင်ခံလိုက်နေ
တာလား.."
ဖရက်ဒီကရယ်ရင်း..
"မဟုတ်ပါဘူး..ဒီနေ့တော့မမလေးကို၆နာ
ရီအမှီကြိုရမှာမို့ပါ..စိတ်မရှိပါနဲ့.. "

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now