နတ်ရထားစီးတဲ့သတိုးသမီး {11} unicode

9.5K 374 4
                                    


၁၁/နတ်ရထားစီးတဲ့ သတို့သမီး
အပိုင်း>>၁၁

အားလုံးပါးစပ်အဟောင်းသားနဲ့ကျန်ရစ်ခဲ့
သည်။
ဘုံက ကစားဝိုင်းသို့လှည့်ကြည့်ရင်းလိုက်ပါလာပြီး...
"ဟို ဟိုကပိုက်ဆံတွေကကော.."
သူကလမ်းလျှောက်နေရင်းကနေရပ်လိုက်ပြီးဘုံ့ကိုမျက်နှာချင်းဆိုင်ဆုံ
အောင်ကြည့်ကာ..
"မထင်ထားဘူး..မင်းကောငွေကြိုက်တာ
ပဲလား.."
"လူတွေအားလုံး ငွေရဖို့အသဲအသန်ရှာဖွေနေကြရတာကို...
အဲ့ငွေမကြိုက်ဘူးဆိုရင်တော့လူမိုက်ပဲ.."

"မင်းငွေကြိူက်တယ်ဆိုရင် ကိုယ့်မှာငွေတွေအများကြီးရှိတယ်နော်.."
(ဈေးဗန်း..တွေစွတ်ခင်း )

"ဆောရီး ထည့်ပြောဖို့မေ့သွားလို့ ဘုံကြိုက်တာချွေးနံ့လေးတွေသင်းနေတဲ
ရိုးရိုးသားသားရတဲ့ငွေ...
ခင်ဗျားပိုက်ဆံဆိုရင်တော့အညီနံ့နံမှာသေချာတယ်.."

"အဟက်... မင်း..မင်းတော်တော်စကား
တတ်တာပဲ.."
ဘုံပြောတာဘာမှရယ်စရာမပါဘူး၊အဲ့တာ
ကိုသူကအရူးလိုရယ်နေသေးတယ်။

အပြန်ကားပေါ်မှာ.....
ကားကလာတုန်းကကားမဟုတ်ပါ..ပြန်
တော့တစ်စီးဖြစ်သည်။
နောက်ယောင်ခံလိုက်မှာစိုးလို့နှစ်စီးခွဲပစ်
လိုက္တာ..
"ဖရက္ဒီ.. "
"လမ်းကြောင်းရှင်းပြီးပါပြီ..Sir"
ဒါကြောင့်သူဖရက်ဒီ့ကိုသဘောကြတာ
ထင်သည်။အားလုံးဟာကွက်မရှိအောင်
စီမံနိုင်တယ်...

ဘုံကအခုထိစဉ်းစားနေတုန်း..
"ခင်ဗျား..ဖဲခိုးရိုက်လိုက်တာလား.."
"မင်းကိုယ့်ဘေးကပ်ထိုင်နေတာမဟုတ်
ဘူးလား.."
ဒါလည်းဟုတ်တာပဲ..
"ခင်ဗျားနိုင်မယ်မှန်းဘယ်လိုလုပ်သိလဲ.."
"မှော်ပညာ.."
"မဖြစ်နိုင်တာ.."
"ကိုယ့်အိတ်ထဲကငွေတွေက ..အဲ့ဒီ့သန်း
ငါးရာကိုဆွဲငင်လ်ိုက်တာ..
မင်းမယုံဘူးလား.."
ယုံရတော့ခက်ကြီးပေါ့။

ထိုစဉ်ကားရှေ့ခန်းကဖရက်ဒီကသူ့ဆီဖုန်းကမ်းပေးကာ..
"Bossဟောင်ကောင်ကပါ..တိုက်ရိုက်နား
ထောင်မှဖြစ်မယ်.."
သူလှမ်းယူပြီး..ကိုင်လိုက်သည်။
တဖက်ကဘာတွေပြောလည်းမသိဘူး..
ခုနကလိုမဟုတ်တော့ပဲ..သူ့မျက်နှာတည်
တင်းနေသည်။
ဖုန်းချပစ်လိုက်ပြီး...
"ဖရက်ဒီ..သူမကိုပြန်ပို့ပြီးရင်လေဆိပ်ဆင်းမယ်.. S1ကိုလည်းခေါ်ခဲ့.."

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now