နတ်ရထားစီးတဲ့သတို့သမီး {30} unicode

9.9K 304 3
                                    


နတ်ရထားစီးတဲ့ သတို့သမီး ၃၀

🔥🔥
"မရှိတော့ဘူး ဟုတ်လား............"
နေ့ခင်းနေခေါင်ခေါင်မှာ စံအိမ်မှာလျှပ်စီးမိုးကြိုးများ
ထပစ်သလို ..သူ့အသံဟိန်းထွက်လာသည်။
ဖရက်ဒီလည်း အထိုးခံထားရလို့ အနားမှာလဲနေ
ပြီး...

"ဦး ဒေ ၀..."
သူ့မျက်ဝန်းတွေကလည်း မီးများဟုန်းဟုန်းတောက်နေသည်။

"ခင်ဗျား ....
ခင်ဗျားနဲ့ကျုပ်ဘာအငြိုးရှိလို့လဲ..ဟမ်
ကျုပ်၁၈နှစ်လုံးလုံး ခင်ဗျားကိုယုံကြည်ပြီးဆွေမျိုး
သားချင်းလိုသဘောထားခဲ့တာ..
ခင်ဗျား ..အခု ကျုပ်ကိုသစ္စာဖောက်တာလား"

"သခင်လေး ကျုပ်ရှင်းပြတာကိုနားထောင်ပါအုံး.."
"ဘာကို နားထောင်ခိုင်းအုံးမှာလည်း..
သူမကို ကျုပ် ဘယ်လောက်မြတ်နိုးလည်းသိရက်နဲ့
ခင်ဗျား... ခင်ဗျားကဘာမို့လို့ကျုပ်ကိုဆန့်ကျင်
ပြီး သူ့ကိုအဝေးပို့ရတာလဲ.."

"အားလုံး သခင်လေးအတွက်ပါ..
အချစ်စိတ်ကြောင့် မိုက်ရူးရဲမဆန်ပါနဲ့..
မိန်းကလေးအတွက်နဲ့ပျက်စီးခံမယ်ဆိုရင်..."

"တော်တော့.. ခင်ဗျားဆီကဆုံးမသြဝါဒတွေက
ကျုပ်ဒေါသကိုပိုစွနေသလိုပဲ..
ခင်ဗျားလုပ်ရက်ကိုလုံးဝခွင့်မလွှတ်ဘူး..
ကျုပ်ပြန်လာမှ ခင်ဗျားနဲ့စာရင်းရှင်းမယ်..."

"သခင်လေး ကျုပ်ပြောတာကိုနားထောင်ပါအုံး..
သခင် ....သား...."
လိုက်လည်းဆွဲလို့မရ၊
ကားတစ်စီးပေါ်တတ်ပြီး မြင်မြင်သမျှပစ်တိုက်ကာ
စံအိမ်ထဲမှ မောင်းထွက်သွားသည်။

ကျုပ်အမှားပါ၊ ကျုပ်ကိုအထင်လွဲနိုင်ပါတယ်..

ဘာပဲဖြစ်ဖြစ်သခင်လေးအတွက် ကံကြမ္မာဆိုးတွေကိုကျုပ်ကတော့အစွမ်းကုန်တားဆီးရမှာပဲ...
ဘာလို့လဲဆိုတော့ ကျုပ်ကဖခင်တစ်ယောက်မို့လို့.

လွန်ခဲ့တဲ့၁၈နှစ်ထဲက ကျုပ်ကအမှားကြီးမှားခဲ့တာ..
သားကို သားပါလို့မပြောခဲ့မိတာ...ကျုပ်အပြစ်ပါ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

တဖက်မှာခင်ခင်ဦးတစ်ယောက်လည်း..
ကိုထင်ကသူမကိုအထင်လွဲကာအိမ်ပင်ပြန်မလာ၍
သောကများနေရသည်။

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Onde histórias criam vida. Descubra agora