နတ်ရထားစီးတဲ့သတို့သမီး {31} unicode

9.6K 318 5
                                    


့နတ်ရထားစီးတဲ့ သတို့သမီး ၃၁..
အပိုင်း >>> ၃၁

ဘုံကကလေးမြို့မှာဆိုလို့ ကလေးကိုအပြေးအလွှားဆင်းလာတဲ့သူ့မိဘတွေ..
"အမလေး...."

သေနတ်သံကြားရာသို့ အပြေးအလွှားလာပေမယ့်
သွေးသံရဲရဲနဲ့ လဲကျနေတဲ့သားဖြစ်သူကိုတွေ့လိုက်
ရ၍ .. သူ့အမေ သတိပါလစ်သွားသည်။
သားကြီးက သားအငယ်လေးကိုပစ်သတ်ခဲ့တာတဲ့.

အရေးပေါ်ရဟတ်ယာဉ်နဲ့သူ့ကိုတင်ဆောင်ခေါ်သွားသည်။
"ဦးနေတန်ခိုး.. ခင်ဗျား ဘုံ့ကိုထားသွားလို့မရဘူး
နော်... ခင်ဗျား အသက်ရှင်နေရမယ်နော်..."

ဖရက်ဒီကိုပါစိတ်ဆိုးပြီးခေါ်မလာခဲ့တာ သူ့ရဲ့မဟာ
အမှား...
သူ့ကိုအရေးပေါ်ခန်းဆီခေါ်သွားပြီး ဆရာဝန်ကြီးတွေ၊သူနာပြုတွေယောက်ယက်ခတ်နေသည်။
ဘုံအခန်းအရှေ့မှာပဲ စိတ်ပူဆုတောင်းရင်းကျန်ရစ်
ခဲ့ရသည်။
ဘုံ့အဖေလည်းသတင်းကြားကြားချင်းရောက်ချလာသည်။
"သမီး...  "
"ဘုံမတားနိုင်ခဲ့ဘူး.. ဘုံ့မျက်စိရှေ့မှာတင် သူအခု
လိုဖြစ်သွားတာဖေဖေ..
ဘာလို့ဒီလိုလုပ်ရက်ကြတာလဲ၊ သူကလူတွေထင်
သလို လူယုတ်မာတစ်ယောက်မဟုတ်ပါဘူး..
သူ့ကို လူတွေကသာနားမလည်နိုင်တာပါ...
ဘာလို့လဲ.. ဘာလို့ သူ့ကြမှအဲ့လိုဖြစ်ရတာလဲ...
ပြောပါအုံး ဖေဖေ  ... "

"ဖေဖေ တကယ်တောင်းပန်ပါတယ်..သမီးလေး"
...
"သူ့ကိုပြန်ခေါ်ပေးပါ ဖေဖေ..သူ့ကိုရအောင်ပြန်ခေါ်ပေးပါ.... "
အရေးပေါ်သွေးပမာဏများများလိုတာကြောင့်
သူနဲ့သွေးအုပ်စုတူလို့ ဘုံ့အဖေကပါလှူခဲ့သည်။

ထင်ကျော်ဇောအကြံကိုကြိုသိခဲ့ရင် အဲ့လိုမဖြစ်အောင်တားခဲ့မှာပါ။ ဘာပဲဖြစ်ဖြစ် အပြစ်တွေအများ
ကြီးမင်းအပေါ်တင်နေပါပြီကောင်လေးရယ်..
ဒီသွေးနဲ့့ဖြစ်ဖြစ် အပြစ်နဲနဲကျေချင်ပါတယ်။
ဲဦးကိုခွင့်လွှတ်ပါ၊ ဦးတို့ကိုခွင့်လွှတ်ပါ..

ဦးသမီးလေးအတွက် မင်းအသက်ရှင်နေပေးပါ

တနေ့လုံး တစ်ညလုံးအရေးပေါ်ခန်းထဲမှာ ဆရာဝန်
ကြီးတွေက သူ့အားမရဏမင်းလက်မှစစ်ခင်းယူနေ
ရသည်။
တာဝန်ခံဆရာဝန်ကြီးအပြင်သို့ထွက်လာသောအခါ..
"ဆရာကြီး..သူ သူကောဟင်..
သူဘယ်လိုနေလဲဟင်..."
"သူမသေပါဘူးနော်..ဟုတ်တယ်မှတ်လားဆရာ"

နတ္ရထားစီးတ့ဲသတို့သမီး {Complete} {zawgyi,unicode}Where stories live. Discover now