part 1.2
18.2K 1.6K 20
လေးငယ်ငယ် ကုမ္ပဏီကန်တင်းထဲဝင်ချိန်တွင်
အားလုံးက သူ့အား မျက်စောင်းထိုးသူထိုး
အတင်းပြောသူပြောနဲ့လုပ်နေကြသည်။
( တန်တန် ငါmissionထဲ လူတွေအမြင်ကို
ပြောင်းဖို့တွက်မလုပ်လို့မရဘူးလား အဲ့ဒါ ငါ့styleမဟုတ်ဘူး)
( မရပါဘူး host)
( အမြင်ပြောင်းတာဘဲပြောထားတာဆိုတော့
ဇာတ်လိုက်မကိုသူတို့မုန်းသွားရင်ငါ့ပေါ်
အလိုလိုအမြင်ပြောင်းလာနိုင်တာဘဲ ဟင်းး)
ထိုချိန် ဝန်ထမ်းတွေက
* ဟဲ့ ဟိုမှာboss နဲ့အတွင်းရေးမှူး*
* လိုက်ဖက်လိုက်တာ bossသာဟိုပိုင်းလုံး
ကောင်နဲ့မညားရင် သူ့အချစ်ဦးမိန်းကလေးနဲ့
ရမှာ*
* ဟုတ်ပဟယ် အဲ့ကောင်ကိုbossကလှည့်
တောင်မကြည့်ဘူး ခ်ခ်*
လေးငယ်ငယ်က ကန်တင်းထဲကထွက်ကာ
ထက်ရှားလွင်ပြင် နောက်ပြေးလိုက်သွားသည်။
ဝန်ထမ်းတွေကလဲသိသိသာသာကို ကြည့်နေ
ကြသည်။
" ထက်ရှား! ခနလေး "
" ဘာလဲ "
"ဟို... ဟိုလေ"
"မြန်မြန်ပြော အချိန်မရှိဘူး"
" ဟို...မင်းရဲ့ဖိနပ်တွေခြေအိပ်တွေလျော်ပေး
ရင် ပိုက်ဆံပေးမယ်ဆို မင်းကလစာမပေး
တော့ ငါစားစရာမရှိဘူး အဲ့ဒါဖိနပ်တိုက်ခလဲ
ပေးပါလား ငါဗိုက်ဆာလို့"
" ဘာာ!"
" ဟို စိတ်မဆိုးပါနဲ့ မတောင်းနဲ့ဆိုမတောင်း
ပါဘူး မင်းအတွင်းရေးမှူးနဲ့ဟော်တည်သွားမလို့
မလားသွားတော့လေ ညတော့အိမ်ပြန်အိပ်မယ်
မလား"
"လေးငယ်ငယ် မင်းဘာတွေပြောနေတာလဲ "
ကြည်ပြာဝေသူ မျက်နှာဟာဒေါသကြောင့်
ရောရှက်စိတ်ကြောင့်ပါရဲနေသည်။ခုလိုပြော
ခြင်းက သူမကဘဲ အိမ်ထောင်သည်ယောကျာ်း
ကို ဟော်တည်ခေါ်အိပ်ပြီးပြန်မလွှတ်သည့်ပုံ
ပေါက်နေသလို ဝန်ထမ်းတွေကလဲ သူမနဲ့
Boss အကြောင်းမသိသေးတာကြောင့် ကဲ့ရဲ့
နိုင်သည်။ လေးငယ်ငယ်လဲ ထက်ရှားလွင်ပြင်
နားကပ်ကာ...
" ဘယ်လိုထင်လို့လဲ ငါကအရင်လိုသည်းခံ
မယ့်လေးငယ်ငယ်မဟုတ်တော့ဘူး ချစ်တာက
ချစ်တာဘဲ ငါ့ကိုတော့လာမကျောနဲ့
ထက်ရှားလွင်ပြင် "