part 1.3
18.4K 1.6K 48
ထိုနေ့က ထက်ရှားလွင်ပြင် တို့လဲအပြင်မှာ
ထမင်းသွားမစားဖြစ်တော့တဲ့အပြင် ထက်ရှား
က ကြည်ပြာကိုထားခဲ့ကာ လေးငယ်ငယ်ကို
ခေါ်ပြီးအိမ်ပြန်လာလိုက်သည်။ ကားပေါ်
တွင်လေးငယ်ငယ်တစ်ယောက် ရှေ့က
ဘုတ်ပေါ် ခြေထောက်တင်ကာ လေချွန်ရင်း
လိုက်ခဲ့သည်။
" လေးငယ်ငယ် မင်းဒီနေ့ဘာလို့မဟုတ်တာ
တွေလျောက်ပြောတာလဲ ငါဘယ်တုန်းကများ
အိမ်မပြန်ဖူးလဲ ဟော်တ်ာဘယ်တုန်းက သူမ
နဲ့သွားဖူးလဲ "
" လူတွေကငါ့ကိုမုန်းနေတာလေ ဒါကြောင့်
ငါ့ကိုမုန်းရာကနေ မင်းချစ်သူအပေါ်မုန်းအောင်
လုပ်ပေးလိုက်တာ ဟင်းး "
" မင်း ငါ့သူငယ်ချင်းနဲ့ဝေးဝေးနေပါ "
" ဘာလဲ သူကလိုက်ကပ်နေတာလေ ပြောလို့
ပြောတာမဟုတ်ဘူး သူကခုထိငါ့ကိုသဘော
ကျနေတုန်းဘဲ"
" မင်းနဲ့ငါကလက်ထပ်ထားတာလေ"
" အဲ့တော့ဘာဖြစ်လဲ မင်းတောင် ကြည်ပြာဝေသူ နဲ့တွဲနေသေးတာဘဲ ငါ့လိုလူကရော
မင်းကိုအမြဲချစ်မယ်ထင်နေတာလား ဟက်"
" လေးငယ်ငယ် "
"ကျစ်... နာမည်တောင်ပြောင်းချင်လာပြီး "
အိမ်ရှေ့ရောက်သည်နှင့် လေးငယ်ငယ်က
ကားပေါ်ကဆင်းကာအိမ်ထဲဝင်သွားလိုက်
သည်။ ထက်ရှားလွင်ပြင် ကလဲကားပေါ်က
ဆင်းပြီးအိမ်ထဲဝင်ရန်ပြင်ချိန် ဖုန်းဝင်လာတာ
ကြောင့်ကိုင်လိုက်သည်။
' ဟယ်လို ပြော'
' ကို ရုံးပြန်မလာတော့ဘူးလား ကြည့်ပြာဘာနဲ့
ပြန်ရမလဲ '
' bus နဲ့ပြန် အရင်ကလဲအဲ့ဒါနဲ့ဘဲပြန်နေတာမလား'
' ကို '
' ငါတို့ရှေ့ဆက်ဖို့စဉ်းစားရမယ် ဒါဘဲ'
' ဟယ်လို..ဟယ်လို.ကို'
"တောက်! ငါ့ဖုန်းကိုများချရဲတယ် တစ်သက်လုံး
ငါ့အလှပအောက်မျောခဲ့တဲ့လူကများ ဟမ့် "
ကြည်ပြာဝေသူဟာ ဆင်းရဲတဲ့အသိုင်းဝိုင်းက
ဖြစ်ပြီး ငယ်စဉ်ထဲကသူဌေးသား
ထက်ရှားလွင်ပြင် နားကပ်ကာ သူမထံစိတိရှိ
လာအောင်ပြုမူခဲ့သည်။ ထက်ရှားကဘက်က
ဖွင့်ပြောချိန်တွင်လဲကြိုးရှည်ရှည်နဲ့လှန်ထားခဲ့
ပြီး သူ့ထက်လည်သည့် လေးငယ်ငယ်ကဆေး
ခပ်ပြီးလက်ထပ်ယူပြီးကာမှ drama ခင်းကာ
သူမအချစ်ကိုဝန်ခံခဲ့သည်။ သို့ပေမယ့်
ထက်ရှားလွင်ပြင် ဟာသူမကိုလက်ဖျားနဲ့တောင်
မထိဘဲ လေးငယ်ငယ်ကိုအရွဲ့တိုက်သည့်ခါမှသာသူမကိုတို့ထိပြီးလက်ပြန်ဆေးတတ်သည်။
ထက်ရှားလွင်ပြင်ဟာလေးငယ်ငယ်အပေါ်စိတ်
ရှိနေပေမယ့် သူ့ကိုယ်သူမသိတာကြောင့်
သူမတွက်အဆင်ပြေသည်။