part 3.1
15.1K 1.3K 31
ဇာတ်ကြောင်းရုတ်တရက်ဝင်လာတာကြောင့်
မူးလဲသွားချိန် လူတစ်ယောက်ကပြေးဖမ်းလိုက်
တာကိုသိလုက်သည်။ သူလဲမျက်လုံးမှိတ်ကာ
ဇာတ်ကြောင်းဖတ်လိုက်သည်။
ဇာတ်ကြောင်းတွင် သူဝင်ထားသည့်ကိုယ်က
ဟန်ထယ်ဂျောင်ဆိုတဲ့ ပန်းချီဆရာလေး
ုဖြစ်ပြီး ဒီကမ္ဘာကဇာတ်လိုက်ရဲ့ မွေးစားညီလေး
တစ်ဖြစ်လဲ တိတ်တိတ်ပုန်းရည်းစားဖြစ်သည်။
ဇာတ်လိုက်နာမည်က မင်ထယ်ဆောက်ဖြစ်ပြီး
သူ့တွင် ချစ်သူမိန်းကလေးလဲရှိသည်။သူမက
တော့ ဒီကမ္ဘာရဲ့ဇာတ်လိုက်မ ဂင်အာရာဖြစ်
သည်။ ဇာတ်လိုက်မက သူမချစ်သူနဲ့ မွေးစား
ညီရဲ့အကြောင်းကိုသိသွားချိန်မှာ တော့ပန်းချီ
ဆရာလေးကိုအမျိုးမျိုးနှောင့်ယှက်ခဲ့သည်။
နောက်ဆုံးအသေ သတ်ရန်ပြင်ချိန် ပန်းချီဆရာ
လေးကို အရူးမူးဆွဲလမ်းနေတဲ့နောက်ထက်
ဇာတ်ကောင် ဂူဂျွန်စူးဆိုတဲ့စိတ္တဇသမားက
ကယ်တင်ပေးခဲ့ပြီး အိမ်ထဲမှာဖွက်ထားခဲ့သည်။
ဂူဂျွန်စူးဟာ ငယ်စဉ်ကမိဘတွေကြောင့် စိတ်
ဒဏ်ရာဖြစ်ရာကနေ တစ်ခုခုကိုအလွန်မင်စွဲ
လမ်းသည့်ရောဂါရခဲ့သည်။ သူစွဲလမ်းသည့်
ထဲတွင် ပန်းချီဆရာလေး ဟန်ထယ်ဂျောင်ကို
အဆိုးဆုံးဖြစ်သည်။ သူ့နားကထွက်ပြေးရင်
မသေရုံတမယ်ရိုက်နှက်တတ်ပြီး စိတ်ငြိမ်ရင်
လဲငိုနေတတ်သည်။ ဂူဂျွန်စူးဟာ အရမ်းချစ်
တတ်ပြီးအတ္တကြီးတာကြောင့် ထယ်ဂျောင်က
မခံနိုင်ဘဲ ထွက်ပြေးရာဇာတ်လိုက်နဲ့ပြန်ဆုံ
တွေ့ခဲ့ပြီး ဇာတ်လိုက်ကပြန်ခေါ်သွားကာ
သူ့လုပ်ငန်းတွက် ကမ်းခှမ်းထားသည့်သူဌေး
တစ်ဦးထံရောင်းစားလိုက်သည်။ဒါကလဲ
ဇာတ်လိုက်မအကြံဖြစ်သည်။ ဂူဂျွန်စူး
က အကြောင်းရာအားလုံးသိခဲ့ပြီး ဇာတ်လိုက်နဲ့
ဇာတ်လိုက်မကို တိုက်ခိုက်ပေမယ့် သာမန်
ဇာတ်ကောင်ဖြစ်တာကြောင့်သေဆုံးခဲ့သည်။
ထယ်ဂျောင်ကလဲ လိင်ကျွန်တစ်ဦးဖြစ်လာကာ
ဘဝအဆုံးသတ်သွားခဲ့သည်။
( ခုငါရောက်တာဘယ်အချိန်လဲ)
( Host ကအခု ဂူဂျွန်စူးလင်ထဲမှာပါ host
ပန်းချီပြိုင်ချင်တယ်ဆိုလို့သူကိုယ်တိုင်လာ
စောင့်ပေးနေတာ ဇာတ်ကြောင်းမှာတော့
မူလပိုင်ရှင်က ထွက်ပြေးပြီးဇာတ်လိုက်နဲ့ပြန်
တွေ့မှာပါ)