part 7.1
13K 1K 44
ဇာတ်လမ်းကတော့ တရုတ်ရှေးခေတ်ဖြစ်ပြီး
ယောကျာ်းနဲ့မိန်းမအပြင် ကောတွေပါရှိသည်။
ကောတွေဟာ ယောက်ျာဖြစ်ပေမယ့် ကလေး
မွေးနိုင်ကြပြီး အနီရောင်အမှတ်သားလေးတွေပါ
တတ်သည်။
ဒီကမ္ဘာရဲ့ဇာတ်လိုက်ကတော့ နတ်ဆိုးအငွေ့
သက်ခြံရံကာမွေးလာသည့် ထျန်နိုင်ငံရဲ့
ဧကရာဇ် ထျန်ကျန်းဟန် ဖြစ်ပြီး သူဟာနန်းတက်
ပြီး ၁နှစ်အကြာမှာ ရန်ဘက်နိုင်ငံတွေကို
သိမ်းယူနိုင်ငံခဲ့ပြီး စစ်ဘုရင်အဖြစ်နာမည်ကြီး
ခဲ့သည်။ နတ်ဘုရားတွေအယုံကြည့်မရှိတဲ့
ထျန်ကျန်းဟန်က အပြစ်ပြုမိရာကနေ ကျိမ်စာ
တိုက်ခံရကာ မေ့မြောပြီးဝိညာဉ်လွင့်နေခဲ့သည်။
ဇာတ်လိုက်မကတော့ အမတ်ချုပ်ကြီးရဲ့သား
ဖြစ်ပြီးနာမည်ကလင်ရှောင်ရှုံး ဖြစ်သည်။
သူဝင်ထားသည့်ကိုယ်ကတော့ လင်ရှောင်ရှုံး
၏အစေခံဖြစ်သူ ကျန်ခွေကျီဖြစ်သည်။
ကျန်ခွေကျီဟာကောတစ်ယောက်ဖြစ်ပြီး
အရမ်းလှသည့်အပြင် လင်ရှောင်ရှုံးရဲ့
အမှတ်သားထက် သူ့အမှတ်ကအရောင်
တောက်တာကြောင့် မနာလိုခြင်းခံရပြီး
ဇာတ်လိုက်မထံအနှိတ်ဆက်ခံရသည်။ တစ်နေ့
ဇာတ်လိုက်မခိုင်းစေသည့် နန်းဆောင်ထဲသို့
ဝင်မိရာကနေ ထျန်ကျန်းဟန်နဲ့ လက်ထပ်ရန်
အကြောင်းဖန်လာသည်။ဒါဟာ အမျိုးသမီးနဲ့
ကောတွေရဲ့ အမုန်းတရားကိုပေါက်ဖွားစေခဲ့
ပြီး လင်ရှောင်ရှုံးရဲ့ ရက်စက်စွာနှိတ်စက်မှူကိုလဲ
ခံခဲ့ရသည်။သို့ပေမယ့် ကံတရားအရဇာတာ
တွက်ချိန် ထျန်ကျန်းဟန်က မူလပိုင်ရှင်နဲ့လက်
ထပ်မှ ခန္ဓာနဲ့ဝိညာဉ်ပြန်ကပ်မည်ဖြစ်တာကြောင့်
လက်ထပ်ခဲ့ရသည်။ ထျန်မင်းကြီး သတိပြန်ရ
လာချိန်တွင်တော့ ကျန်ခွေကျီကိုဧကရီမြောက်
ပြီး အမတ်တွေစိတ်တိုင်းကျ ကိုယ်လုပ်တော်
တစ်ဦးပါခန့်အပ်ခဲ့သည်။ထိုသူကတော့ အမတ်
ချုပ်ရဲ့သားဇာတ်လိုက်မ လင်ရှောင်ရှုံး ဖြစ်သည်။
လင်ရှောင်ရှုံးဟာ မူလပိုင်ရှင်ကိုမနာလိုဖြစ်ပြီး
ရာထူးကိုတောင်ဂရုမစိုက်ဘဲ ကောလဟာလ
လွင့်ကာ အနိုင်ကျင့်တတ်သည်။ ခွေကျီ
ကိုယ်ဝန်ရလာချိန်တွင် ဇာတ်လိုက်မ ဟာလဲ
ကိုယ်ဝန်ရလာခဲ့သည်။ ဒါကလဲ သူကိုယ်တိုင်
မင်းကြီးကိုဆေးခပ်ပြီးရလာသည့်ကိုယ်ဝန်ဖြစ်
ပြီး ခွေကျီအားရှင်းထုတ်ရန်တွက် ထိုဗိုက်အား
အသုံးချမှာဖြစ်သည်။ မကြာခင်မှာဘဲ သူ့
ကိုယ်ဝန်ကပျက်ကျခဲ့ပြီး ကျန်ခွေကျီ က သူ့အား
မနာလိုကာ လုပ်ကြံသည်ဟုသတင်းလွင့်ပြီး
အပြစ်ရှာခဲ့သည်။ မင်းကြီးက ထိုစကားကိုယုံ
သွားကာ ခွေကျီအား အကျဉ်းထောင်ထဲ ၂ရက်
နေစေပြီးအပြစ်ပေးခဲ့ပေမယ့် တစ်ရက်ကုန်ချိန်
မှာဘဲ အဆိပ်မိကာသေဆုံးခဲ့သည်။