part 2.1
16.5K 1.2K 34
ဒီကမ္ဘာကမြေခွေးလူသားတွေရှိသည့်ကမ္ဘာ
ဖြစ်သည်။ ဇာတ်လိုက်ကတော့ ချွဲ တိုင်းပြည်ရဲ့
အိမ်ရှေ့စံ ချွဲဟိုဘင် ဖြစ်ပြီး ဇာတ်လိုက်မက
တော့ အိမ်ရှေ့စံရဲ့ မိဖုရားအဖြစ်လျာထားခံရတဲ့
အမတ်တစ်ဦး၏သမီး ဂွမ်ဂျီအမ်ဖြစ်သည်။
ဇာတ်လိုက်မ ဟာတစ်နေ့တွင်တော့ ရောဂါတစ်
မျိုးခံစားနေရပြီး သွေးသန့်မြေခွေးလူသားအ
သည်းစားမှသာ အသက်ဆက်ရှင်နိုင်မည်ဆိုတာကြောင့်သူမအဖေဟာ သွေးသန့်မြေခွေး
လူသားကိုရှာတော့သည်။ကံကောင်းစွာဘဲ
မြေခွေးပေါက်ငယ်လေးကိုတွေ့ကာဖမ်းလာခဲ့
ပြီးအသက်မပြည့်သေးတာကြောင့် အသည်း
ကိုခွဲယူလို့မရခဲ့ပေ။ဒါကြောင့်ဘဲ သူမအဖေက
ထိုမြေခွေးအားသူမရဲ့အဖော်အဖြစ်နေစေခဲ့
ပြီးအသက်ပြည့်မှသာ သတ်ပြီးအသည်းယူ
ရန်စီစဉ်ခဲ့သည်။ ထိုမြေခွေးလူသားမလေးနာ
မည်ဟာ ယွန်မင်ဂျယ်ဖြစ်ပြီး သူမအဖေနဲ့လူကွဲ
သွားချိန်အဖမ်းခံရခြင်းဖြစ်သည်။ အိမ်ရှေ့စံဟာ
ဇာတ်လိုက်မစီလာရင်း မြေခွေးမလေးကို
ချစ်သွားခဲ့ပြီး နှစ်ဦးသားမေတ္တာမျှခဲ့ကြသည်။
ဒါကိုသိတဲ့ ဇာတ်လိုက်မဟာ ယွန်မင်ဂျယ်
ကိုအကြီးကျယ်ဒေါသထွက်ပြီး နှိတ်ဆက်ခဲ့
သည်။ မထင်မှတ်စွာဘဲ ယွန်မင်ဂျယ်ရဲ့ဖခင်
ယွန်အွန်ဟေး ကိုလဲအမတ်ကြီးကဖမ်းမိလာ
ပြီး သူရဲ့ပျော်တော်ဆက်အဖြစ်ထားရှိခဲ့ပြီး
ဇာတ်လိုက်မဟာလဲ အဖေရောသမီးကိုပါ
နှိတ်ဆက်ခဲ့သည်။ အိမ်ရှေ့စံဟာ ပညာတော်
သင်သွားနေတာကြောင့် ထိုအကြောင်းရာတွေ
ကိုမသိခဲ့ဘဲ သူပြန်ရောက်လာချိန်တွင်တော့
မိဖုရားလောင်းကကျန်းမာနေပြီး ချစ်ရသူက
တော့ သေဆုံးခဲ့ပြီးဖြစ်သည်။
( ငါက မြေခွေးမလေးလား)
( မဟုတ်ပါဘူး မြေခွေးမလေးရဲ့အဖေပါ)
( ဘာာ)
သူဝင်ထားတဲ့ကိုယ်က ယွန်အွန်ဟေးဖြစ်ပြီး
မြေခွေးလူသားရဲ့နောက်ဆုံးမျိုးဆက်လဲဖြစ်
သည်။ တစ်နေ့ မြို့ထဲလာပြီးအပြန် ရေဆာတာ
ကြောင့်ချောင်းငယ်လေးတွင်ရေသောက်နေ
စဉ် ထိုရေထဲတွင်ပါ ကျင်ငယ်​ရေကြောင့်
ကိုယ်ဝန်ရခဲ့သည်။ သူသောက်မိလိုက်သည့်
ကျင်ငယ်ရေဟာ ချွဲတိုင်းပြည်ရဲ့မင်းကြီး ချွဲလီစူးစီကရေဖြစ်သည်။ချွဲလီစူးဟာ ဇာတ်လိုက်ရဲ့
အစ်ကိုတော်ဖြစ်ပြီးချွဲလီစူး ဟာ အရင်းနှီးဆုံးသူငယ်ချင်းရဲ့သားဇာတ်လိုက်ကိုမွေးစားထားခြင်း
ဖြစ်သည်။ယွန်အွန်ဟေး ဟာကလေးမွေးခဲ့ပြီး
ပျော်ရွှင်စွာနေသွားခဲ့ပေမယ့် သမီးဖြစ်သူအား လူတစ်စုဖမ်းခေါ်သွားတာကြောင့် သူပါထိုဝိုင်းထဲဝင်ရစေရန် လူသားစီမှာအဖမ်းခံခဲ့သည်။ ဒါကသူ့တွက်ငရဲဖစ်မယ်ဆိုတာသူသိခဲ့သည်။
နေ့တိုင်း စားပြီးသားအကျန်တွေသာစားရပြီး နေ့တိုင်းကြိမ်ဒဏ်ခံရသည်။ ဇာတ်လိုက်မ ဂွမ်ဂျီအမ်ရဲ့ စိတ်အပန်းဖြေစရာ ခွေးတစ်ကောင်လိုနေခဲ့ရပြီး သူမဖိနပ်လျှက်ပေးရသည်ထိ ဖိနှိတ်ခံခဲ့
ရပြီး နောက်ဆုံး သမီးဖြစ်သူကိုသတ်ခဲ့တာ
ကြောင့် ဂလဲ့စားချေချင်ပေမယ့် သူ့ကိုယ်ထဲက
အမြုတေလဲ ခွဲထုတ်ခံလိုက်ရကာသေဆုံးခဲ့
သည်။