part 3.6
13K 1.1K 27
တစ်ပတ်အကြာတွင် တော့ ဂင်အာရာနဲ့
အယ်လီနာဆိုတဲ့မိန်းမနှစ်ယောက်ဟာ ပုံမှန်
တိုင်းပြန်ဖြစ်သွားကာ ထယ်ဂျောင်နဲ့ဂျွန်စူး လမ်း
ခွဲကြရန် ကြံစည်နေသည်။
" အဲ့နေ့က ဟာကြီးကတကယ်ကို ရွံစရာ
ကောင်းတယ် "
" သူခြောက်တိုင်းငါတို့ကကြောက်ရမှာလား
ဟက် ဝေးသေး "
" ကျမတို့ဘာဆက်လုပ်မလဲ "
" နင် ဂူဂျွန်စူးကိုသွားတွေ့ရမယ် "
" ဟင် "
" ဟုတ်တယ် ဟန်ထယ်ဂျောင်အထင်လွဲအောင်
လုပ်ငါကသတင်းလွင့်ပေးမယ် "
သူတို့်နှစ်ယောက်လဲ ဂူဂျွန်စူး ကုမ္ပဏီသို့ထွက်
လာလိုက်ကြသည်။ ကုမ္ပဏီရောက်သည်နှင့်
အမ်မလီက သူပိုင်တဲ့နေရာလာသလိုနှင့်
အပေါ်ထပ်ကိုတက်သွားလိုက်သည်။ အောက်
တွင်ကျန်ခဲ့သည့် ဂင်အာရာက ဧည့်သည်ထိုင်
ရန်ပြင်ထားပေးသည့်ခုံတွင်ထိုင်ရင်း သူမကို
စူးစမ်းနေသည့်ဝန်ထမ်းဘက်လှည့်ကာ...
" ကျမက ခုနကတက်သွားတဲ့တစ်ယောက်ရဲ့
မိတ်ဆွေလေ သူကဒီကုမ္ပဏီပိုင်ရှင်ရဲ့ဇနီး
လောင်း ဟော်တည်သွားကြပါဆိုတာကို
မသွားဘူး ကုမ္ပဏီမှာဘဲ လာခိုင်းတာ ဟင်းး"
ဝန်ထမ်းတွေက မျက်လုံးစကောလောက်ပြူး
သွားသည်။ အပေါ်ထပ် CEO ရုံးခန်းထဲတွင်
တော့...
" ဖြောင်းး "
"အ "
" မှတ်ပြီးလား ငါ့အပိုင်ကိုမှန်းချင်အုံး နင်နဲ့
ဂင်အာရာဘာကြံနေလဲငါကုန်သိပြီးသား
ပထမတစ်ခါ သတိပေးပြီးပြီးနော် ဒါတောင်
မင်းဘက်ကလက်မလျော့ဘူးဆိုတော့ ငါလဲ
မညှာတော့ဘူး "
အမ်မလီဟာ ရုံးခန်းထဲစဝင်ထဲက
ဟန်ထယ်ဂျောင် ရိုက်တာခံနေရပြီး ဂျွန်စူးက
လဲဝင်မဆွဲတဲ့အပြင်လက်ပိုက်ကြည့်နေတာ
ကြောင့် မျက်နှာတစ်ခုလုံးဖူးယောင်နေသည်။
" လာခဲ့ ဂင်အာရာစီသွားကြတာပေါ့ "
ထယ်ဂျောင်က အမ်မလီရဲ့ဆံပင်ကိုဆွဲကာ
အောက်ထပ်ဆင်းလာလိုက်သည်။ ဂျွန်စူးကလဲ
နောက်ကနေသာလိုက်ဆင်းခဲ့သည်။
အောက်ထပ်ရောက်သည်နှင့် ဂင်အာရာ
နားကဝန်ထမ်းတွေက သူတို့ကိုအရိုသေပေး
ကြသည်။