part 8.7(end)
11.4K 1K 19
ခုဇုမိတစ်ယောက်သတိရလာချိန်တွင် ကုတင်
ပေါ်မှချက်ချင်းထလိုက်တာကြောင့် တပည့်ဖြစ်
သူက...
" Bossကျတော်တို့တရားခံကိုရှာနေပါတယ်
ပြီးတော့ သခင်လေးက ဟိုဘက်ခန်းမှာပါ
ကလေးကိုတော့ ဖန်ပေါင်းချောင်ထဲထည့်ထား
ရပါတယ် ဆက်ခံသူသခင်လေးကတော့
သတိလစ်နေတာကြောင့်ဆေးသွင်းထားရပါ
တယ်"
" သေချာတယ် တိုရှီအိုလက်ချက်ဆိုတာ ခုချက်
ချင်းသူမကိုဖမ်းခဲ့"
" ဟုတ်ကဲ့Boss"
" ဒရိုက်ဘာရော"
"ဒရိုက်ဘာလဲ အန္တရာယ်ကင်းပါတယ် "
*ထူးဆန်းလိုက်တာ ဒီလောက်ကားအရှိန်
ပြင်းပြင်းမှောက်တာကို ဘာမှသိပ်မဖြစ်ကြဘူး*
တန်တန်- *ငါမကယ်ရင် ခုလောက်ဆို
ငရဲမင်းနဲ့ မိတ်ဆက်နေမယ့်လူသားတွေကများ*
တပည့်ဖြစ်သူထွက်သွားတာနဲ့ သူလဲဘေး
အခန်းကိုကူးလာလိုက်သည်။ ထိုချိန် သူနာပြု
ဝတ်စုံနဲ့မိန်းမတစ်ယောက်က ကလေးထား
သည့်အခန်းထဲဝင်ကာ ဖန်ပေါင်းချောင်ရဲ့အပူ
ပေးစက်ကိုအရှိန်မြင့်လိုက်တာကြောင့် ကလေးကအော်ငိုတော့သည်။သူမပြန်ထွက်မည့်အချိန်
တွင် ဆရာဝန်တွေနဲ့တိုးပြီး ဖမ်းချုပ်ခံလိုက်ရ
သည်။ ခုဇုမိက ထိုအကြောင်းကြားပြီးတာနဲ့
သူမတို့ရှိသည့်နေရာကိုလာပြီး သူမအား
အရှိပြင်းစွာရိုက်ချလိုက်တာကြောင့် သွားတွေ
ကျွတ်ထွက်လာသည့်အပြင်နားထဲကသွေးတွေ
ထွက်လာတာကြောင့်ဆရာဝန်တွေကသူမ
နားစည်ကွဲမှန်းသိလိုက်သည်။ ကလေးကတော့
အသားရည်နုတာကြောင့် မီးလောင်သလို
အသားပေါ်တွင်ထင်းနေပြီးဆရာဝန်တွေက
သေချာပြန်ကုသနေသည်။
" သူမကို ငရဲခန်းခေါ်သွားပြီးရင် ကျွဲကိုအသင့်
ပြင်ထားလိုက် အရှင်လတ်လတ်မီးလောင်တဲ့
အရသာသူမကိုပေးခံစားမယ်"
တပည့်တွေကမျက်လုံးပြူးကုန်သည် ဒါအရှင်
လက်လက် လူကိုမီးကင်ပြီးသတ်တဲ့နည်းလမ်း
ဖြစ်သည်။ကျွဲဆိုတာက သံအထူနဲ့ပြုလုပ်ထားပြီး
ဝမ်းဗိုက်နေရာတွင် တံခါးပေါက်လုပ်ထားကာ
သတ်မယ့်လူကိုကျွဲဗိုက်ထဲထည့်ပြီးအောက်က
မီးမြိုက်သတ်ခြင်းဖြစ်သည်။