part 5.6 (end)
12.8K 1.1K 7
၃နှစ်အကြာ...
" ပါးပါးရေ ဒီမှာ ညီလေးက အဲလစ်ကို
လွှတ်မပေးဘူး "
ကလေးအော်သံကြောင့် ဟန်နရီကမီးဖိုခန်းက
ထွက်လာကာ ကြည့်လိုက်တော့ ဝီလီတို့ရဲ့သား
လေးက အိမ်စေတစ်ဦးရဲ့ကလေးကို ဖက်ထား
သည်။ ဝီလီထက် ဟန်နရီကအရင်သားတစ်
ယောက်မွေးထားပြီး ကလေးကအရမ်းအနေ
အေးပေမယ့် ဝီလီတို့ရဲ့သားကတော့ တစ်အိမ်
လုံးမနိုင်သည့်အဆိုးလေးပင်။
" တူလေး အဲလစ်လေးကိုလွှတ်လိုက်နော် သူနာနေပြီး "
" ရဘူး အဲလစ်က တားအပိုင်
အဲလစ်ဆိုသည့်ကောင်လေးက အရုပ်လေး
လိုလှပြီး ထိုညီကိုနှစ်ယောက်ရဲ့အသည်း
ကျော်လေးဖြစ်သည်။
" အင့်..ဟင့်"
"အဲလစ် ရှစ်လို့လေ နော် နိုနဲ့ အာဘွားပေးမယ်"
" ကိုကို့ကိုချစ်တယ်နော်အဲလစ်လေးငိုနဲ့ "
အဲလစ်လေးငိုသည်နှင့်ညီကိုနှစ်ယောက်ပြာပြာ
သလဲ နှုတ်ခမ်းပိစိလေးကိုနမ်းပါချော့နေကြ
သည်။အဲလစ် မိဘတွေကသေဆုံးသွားတာ
ကြောင့် ဝီလီတို့ကဘဲစောင့်ရှောက်ထားခြင်း
ဖြစ်ကာအဲလစ်ဟာ Dominate Omega
တစ်ဦးလဲဖြစ်သည်။
ဝီလီကမီးဖိုခန်းထဲက ချိုင့်ဆွဲကာထွက်လာပြီး...
" သား ပါးပါးတိုdaddy စီသွားကြမယ် ကိုကိုနဲ့
အဲလစ်ကိုနှုတ်ဆက်လိုက်"
" တိုတို တားတွားမယ်နော် အဲလစ်ကို မငို​စေ
နဲ့ တားငြမ်ငြမ်ကျန်လာခဲ့မယ် "
"အင်းအင်း"
" အဲလစ် တားတားကိုစောင့်နေနော် မွ"
" ဟုတ်ကဲ့ "
ဝီလီကလဲ သားဖြစ်သူကိုကောက်ချီကာ
ဂျွန်ရှိတဲ့ ကုမ္ပဏီသို့ထွက်လာလိုက်သည်။
ဟန်နရီတို့သားနဲ့ဝီလီတို့သားဟာ ဝမ်းကွဲတော်
စပ်ကြပြီး အရမ်းလဲချစ်ကြသည်။ mommy
နဲ့ဒက်ဖင်နီဟာလဲ ပြင်သစ်တွင်လက်ထပ်ကာ
အခြေချနေထိုင်နေကြသည်။ ကုမ္ပဏီရောက်
သည်နှင့်ရုံးခန်းထဲဝင်ရန်ပြင်ချိန် တစ်ခါမှမမြင်ဖူး
သည့်လူတစ်ယောက်က...
" သခင်လေးဝီလီ သခင်ကြီးက အရေးကြီး
ဧည့်သည်နဲ့တွေ့နေပါတယ် ဝင်လို့မရပါဘူး"