အပိုင်း -၁၂၁

1.5K 132 4
                                    

Unicode

အပိုင်း - ၁၂၁ နမ်းရတာကောင်း

ယင်းရှောင်ကျဲက တခြားနေရာကို လှမ်းကြည့်ရင်း ဘာကိုမှ မဖြစ်ချင်ယောင်ဆောင်နေပေမယ့် သူ့ရဲ့ချောမောတဲ့ မျက်နှာက သဘာဝအတိုင်းထက် ပို နီရဲတောက်နေသည်။ ကံကောင်းစွာဖြင့်၊ လူဆိုးမသည် အိပ်ရာမှ နိုးလာကာ ငိုက်မျဉ်းဆဲဖြစ်ပြီး သူဘာလုပ်လိုက်ဆိုတာကို  ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။

မုရှောင်းရှောင်သည် အိပ်ချင်မူးတူး ထထိုင်ကာ ခါးကို လှုပ်လှုပ်ရွရွ ဆန့်ထုတ်ရင်း တဝါးဝါးနဲ့ သမ်းလိုက်သည်။
ပြီးသူမ ပါးစပ်ကို လက်နဲ့သုတ်လိုက်ပြီး သားရေကျနေမှန်း သိလိုက်သည်။

ငါ အိပ်ပျော်သွားတာလား ?

ယင်းရှောင်ကျဲက သူမကိုမြင်ပြီး မထီမဲ့မြင်နဲ့ စနောက်မည်ကို စိုးရိမ်၍ သက်သေအထောက်အထားများကို ဖယ်ရှားရန် လက်နဲ့ ပိးစပ်နားတစ်ဝိုက် အမြန်သုတ်လိုက်သည်။

သူမက ယင်းရှောင်ကျဲ ကို စူးစူးစိုက်စိုက်ကြည့်ကာ

"ကျဲ  နင်ဘာလို့ရပ်နေတာလဲ၊ ဘာလုပ်နေတာလဲ? "

“…”

အဖြေပင်ပြန်မလာ ယင်းရှောင်ကျဲ ထုံးစံအတိုင်း ခဏ ဉာဏ်ရည် ချို့ယွင်းသွားပုံရသည်။ ဒါ့အပြင် စကားထစ်ပြီး ကျပန်းအဖြေတစ်ခုထွက်လာ လေသည် ။

“ငါ… တရားမှတ်နေတာ "

မုရှောင်းရှောင် သူ့စကားကြောင့် လုံး၀ အံ့အားသင့်သွားသည် ။

"တရားမှတ်နေတာ ?"

'တရားမှတ်ခြင်း' သည် သူနှင့် မလိုက်ဖက်သော စကားလုံး ဖြစ်သည် မဟုတ်လော။

ယင်းရှောင်ကျဲမတ်တပ် မလှုပ်ရှားဘဲ ရပ် နေရာကနေ  ပေါ့ပေါ့ပါးပါး အနေအထားသို့ ပြန်သွားကာ သူမကို တစ်ချက်ကြည့်လိုက်ပြီး

"မင်းကိစ္စမှ မဟုတ်တာ မင်းအိပ်မပျော်ဘူးလား အိပ်ခန်းထဲ သွားအိပ်လိုက်"

ဟုဆိုသည်။

ပြီးတော့ ချက်ချင်းပဲ သူ့ရဲ့ စာဖတ်ခန်းတံခါးကို ပြင်းပြင်းထန်ထန် တွန်းဖွင့်လိုက်ပြီး ဒုန်းခနဲပိတ်လိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now