အပိုင်း- ၂၈၁

616 45 0
                                    

Unicode

အပိုင်း ၂၈၁ - သူ၏ မမြင်နိုင်သော တဖက်ခြမ်းကို သူမအား ထုတ်ဖော်ပြသခြင်း

မုရှောင်းရှောင် သည် သေးငယ်သောမကျေမနပ်ချက် ဖြစ်ပေါ်သွားသော်လည်း  လောလောဆယ် သူမပြုံးရုံသာ တတ်နိုင်သည်။ ယင်းရှောင်ကျဲက သူမကို စွန့်ပစ်ပြီး တခြားမိန်းကလေးအတွက် အငတ်ထားတော့မှာလား။

အဲဒီအခါ သူမ ဘယ်လိုလုပ်ပြုံးနိုင်မှာလဲ။

သူမ စိတ်ဆိုးတဲ့ခံစားချက်တွေကို ဖုံးကွယ်ဖို့ကြိုးစားရင်း

“ဘာဖြစ်တာလဲ”

လို့မေးလိုက်သည်။

“အဲဒါ ဇီရှင်းအဖေ ရောက်လာတာ။ သူမ ဆေးရုံတက်နေရလို့ ဆိုပြီး ရောက်လာပြီး စိတ်ရှုပ်စရာတွေ လုပ်နေတယ် ။ အဲဒါဆရာဝန်က ငါ့ကိုဖုန်းဆက်ပြီး အခြေအနေက အရမ်းအရေးတကြီးဖြစ်နေ ကြောင်း လှမ်း‌ ပြောတာ …”

ယင်းရှောင်ကျဲ ပြောပြနေရင်း မုရှောင်းရှောင်ကို မဝံ့မရဲ ကြည့်နေသည်။

သူမရဲ့ အမူအရာ ပြောင်းလဲမှု အနည်းငယ်ကိုတောင်မှ သူ ဘယ်လိုမှ သတိမထားမိဘဲ မနေနိုင်ခဲ့ပါဘူး။

မုရှောင်းရှောင် က အတင်းပြုံးပြပြီး ရက်ရောဖို့ ကြိုးစား လိုက်ကာ 

“မြန်မြန်သွား‌လေ ”

လို့ ပြောလိုက်တယ်။

အခြေအနေမှန်ကို သူမတကယ်နားမလည်သော်လည်း
အန်းဇီရှင်းကို သူမ၏ဖခင် ဘာလုပ်နိုင်မလဲဆိုတာကို သူမ မသိနိုင်ပေ။

အခြေအနေက အရမ်းဆိုးနေတာကြောင့် ဆရာဝန်က ယင်းရှောင်ကျဲကို ခေါ်ခဲ့တာဖြစ်နိုင်သည်။  ထို့အပြင်၊ ၎င်းသည် ဖုန်းဖြင့် ကောင်းစွာ မရှင်းပြနိုင်သောကြောင့် အမှန်တကယ် ရှုပ်ထွေးသည့်အရာပဲ ဖြစ်ရမည်။

မုရှောင်းရှောင်  သူမ၏ ဗိုက်ကို လက်ဖြင့် အသာလေး ထိလိုက်မိသည် ။သူမ အလွန်ဗိုက်ဆာနေသည်။ မစားရင် မကြာခင် ဗိုက် အောင့်လာလိမ့်မည်။

“မြန်မြန်သွား၊”

မုရှောင်းရှောင်က ယင်းရှောင်ကျဲကို လက် ဝှေ့ယမ်းပြရင်း အလျင်လိုတဲ့လေသံနဲ့ ပြောသည်။ ထို့နောက် သူမ၏ ခေါက်ဆွဲခြောက်ပန်းကန်ကို ကောက်ယူပြီး ထမင်းစားပွဲဆီသို့ လျှောက်သွားလိုက်သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now