အပိုင်း - ၁၈၉

1K 80 0
                                    

Unicode

အပိုင်း -၁၈၉ မုရှောင်းရှောင် ရဲ့ အတိတ်ကာလ


စုန့်ရှီကျွင်း  သူမစကားကြားပြီးနောက် စက္ကန့်အနည်းငယ်ကြာအောင် ရပ်တန့်သွားရသည်။ သူက ချက်ခြင်းပင် အရာအားလုံးကို နားလည်သွားတဲ့ ပုံစံက သူ့မျက်နှာတွင် ပေါ်လာသည်။

မုရှောင်းရှောင်ရဲ့သူ့အမေက ရောဂါကို ကုသဖို့အတွက် အမေရိကားကို  အကြိမ်ရေပေါင်း မရေမတွက်နိုင်လောက်အောင်သွားခဲ့ရသည်။ သို့သော် သူမ အခေါက်ပေါင်းများစွာ နာမည်ကြီးဆရာ၀န်တွေနဲ့ ကုသပြီး တစ်နှစ်ခွဲအကြာတွင် ကွယ်လွန်သွားရသည်။ ထိုအချိန်မှစ၍  ရှောင်းရှောင်သည် အမေရိကတွင် ဆက်တိုက်နေခဲ့ပြီး  တရုတ်က အိမ်သို့ ပြန်မလာတော့ပေ။

ထိုကိစ္စကြောင့် ရှီကျွင်းတို့လူစုသည် မုရှောင်းရှောင်နှင့် လွန်ခဲ့သည့် လေးနှစ်အတွင်း ဆက်ဆံရေး သိပ်မရှိကြတော့တာ ဖြစ်သည်။

သို့သော် စုန့်ရှီကျွင်း စိတ်ရှုပ်သွားရပြန်သည်။

"ဒါပေမယ့် လုရိချန် ရဲ့ ဒဏ်ရာပြင်းတယ်ဆိုတာက  ရှောင်းရှောင်အမေဆုံးသွားတာနဲ့ ဘာဆိုင်လို့လဲ"

ဟန်ချီချင်  ငတုံးတစ်ကောင်ကြောင့် သက်ပြင်းချလိုက်ပြန်သည်။

"ဖြစ်နိုင်တာက... စောစောက ငါပြောခဲ့သလိုပဲ၊ လူနာအခြေအနေနဲ့ ပတ်သတ်တာ  တစ်ခုခုဖြစ်နိုင်တယ်။ သူ့အမေ အခြေအနေမကောင်းဘူးဆိုတာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားဖူးတယ်ထင်တယ်၊ ဒီလိုအသုံးအနှုန်းကို ကြားရမှာ  ကြောက်လို့ဖြစ်မယ်"

ဤအရာသည် သူမ၏  အတွေးအစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။ သို့သော် သူမသည် မိန်းကလေး ဖြစ်ရုံသာမက မုရှောင်းရှောင် ၏ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်သဖြင့် မုရှောင်းရှောင်တွေးနေပုံကို ခန့်မှန်းနိုင်တာဖြစ်သည်။

မုရှောင်းရှောင် စောစောက ငို နေတာကို သူမမြင်လိုက်ရသောအခါသူမ၏ပထမဆုံး အတွေးဗီဇက မုရှောင်းရှောင် ၏အမေဆုံးပါးသွားခြင်းအကြောင်းကို တွေးတောစေခဲ့သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now