အပိုင်း -၁၅၂

1.2K 99 1
                                    

Unicode

အပိုင်း - ၁၅၂  ငါ မင်းပါးစပ်ကို ပိတ်သွားအောင် တစ်ခုခုကို အရမ်း လုပ်ပစ်ချင်နေတယ်

မုရှောင်းရှောင် တရုတ်ပြည်မှ  ယောက်ျားမိန်းမပေါင်းသင်းဆက်ဆံရေးကို  ဘယ်လိုရှိသည်ကို သေချာမသိသော်လည်း အမေရိကမှာတုန်းကတော့ သူမဆီမှာ  ဆန့်ကျင်ဘက်လိင် ယောက်ျားလေး သူငယ်ချင်းများစွာရှိသည်။ လုရိချန်နဲ့  သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ရိုးရိုးသားသားဖြစ်ပြီး အချစ်ဇာတ်လမ်း ဖြစ်လာနိုင်တဲ့  အရိပ်အမြွက်ပင် လုံးဝမရှိ။

ယင်းရှောင်ကျဲ က အသက်ပြင်းပြင်းရှူပြီး ဒီကောင်မလေးကို စိတ်ဆိုးစွာကြည့်မိသည်။ ဒီလူဆိုးမလေးက သူ့ကို ဆန့်ကျင်ဖို့ ကြိုးစားနေတာလား။

"ဟုတ်ပြီ မင်းကို ယုံရင်တောင် ဒီကောင်က ရည်းစားရှိတယ်၊ သူက မင်းကို အရမ်းစိတ်ပူပြပြီး မင်းနဲ့ အရမ်းတွဲသွားတွဲလာလုပ်နေတာ၊ သူ့မှာ ဟိုစိတ်တွေ မရှိဘူးလို့ ပြောနိုင်လို့လား ?  အဲဒါကို မင်း ဘယ်လိုလုပ်မှာလဲ ? "

သူမသာ တစ်ခုခု ထပ်ပြောရင် ယင်းရှောင်ကျဲ ဒီငတုံးရဲ့ဦးခေါင်းခွံကို ဖောက်ထုတ်ပြီး သူ့ခေါင်းထဲမှာ တစ်ခုခုရှိနေလားဆိုတာ ကြည့်ချင်နေမိလိမ့်မယ်။ မုရှောင်းရှောင်  ဘယ်လိုတောင် သတိမရှိရတာလဲ ။ သူ့စကားကြောင့် မုရှောင်းရှောင်  အေးခဲသွားတာကို ယင်းရှောင်ကျဲ တွေ့လိုက်ရသည်။

"သူ... သူ ငါ့ကို မကြိုက်ဘူး!ဒါ နင့် ထင်ကြေးတွေပဲ ?"

ယင်းရှောင်ကျဲ  က အေးစက်စွာ ရယ်မောလိုက်သည်

"ငါပြောတာ အမှန်တရားပဲ၊ တခြား ဘာထပ်ပြောရဦးမလဲ၊ သူက ရည်းစားရှိရုံတင်မကဘူး မင်းလို အူတူတူအတတ ကောင်မလေးနဲ့ လျှောက်လည် နေသေးတယ် ။  လှည့်စားတတ်လွန်းတယ် ။  ဒါတောင်  မင်းက အဲလိုမျိုး သူငယ်ချင်းလိုချင် နေသေးတာလား၊ မုရှောင်းရှောင် အရူးတစ်ယောက်လား?"

"အဲ့လိုမဟုတ်ဘူး! သူ့မှာရည်းစားမရှိဘူး!"

မုရှောင်းရှောင်  စိုးရိမ်တကြီးအော်လိုက်သည်။ သူမ လုရိချန် ကို လျှို့ဝှက် ပေးထားရန် ဆိုတဲ့ ကတိကို ချိုးဖောက်မိသည့်အတွက် စိတ်ထဲတွင် တောင်းပန်ခဲ့သော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးတွင် ထုတ်ဖော်ရန်မှလွဲ၍ သူမမှာ ရွေးချယ်စရာမရှိ။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now