အပိုင်း - ၁၂၇

1.3K 121 1
                                    

Unicode

အပိုင်း - ၁၂၇ ကိုယ့်ကို အဖော်ပြုပေးမယ့် မင်းရှိတယ်

မုရှောင်းရှောင် ကျောင်းတားရောက်ဝောာ့  Blue Café ဆိုတဲ့ ဆိုင်ဆီကို တန်းတန်းပဲ  လျှောက်လာသည်။ ဤနေရာတွင် လုရိချန် နှင့်တွေ့ဆုံရန် သဘောတူခဲ့ လေးသည်။

ဤနေရာသည် ရှန်တ အထက်တန်းကျောင်းက  သိပ်မဝေးလှပါ၊ စည်ကားသောလမ်းနှင့် လမ်းတစ်ခုဖြင့် ခြားထားသည်။ ပုံမှန်အားဖြင့်၊ ရှန်တ  မှ ကျောင်းသားများသည် ကျောင်းဆင်းပါက ဒဣနေရာတွင် လမ်းလျှောက် သို့မဟုတ် ဈေးဝယ်ကြသည်။ မုရှောင်းရှောင် ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ကော်ဖီ၏ရနံ့သည် လေနဲ့အတု မွှေးပျံ့သွားကာ သူမနှာခေါင်း၀ဆီ ရောက်လာတော့သည်။

လုရိချန်ကိုရှာဖို့ကြိုးစားလိုက်တော့  ဆိုင်ထောင်လေးမှာ  တစ်ယောက်တည်း ထိုင်နေတဲ့ သူက လက်ပြနှုတ်ဆက်နေတာကို တွေ့လိုက်ရသည်။ မုရှောင်းရှောင် ပြုံးရင်း  လုရိချန်ဆီ လျှောက်သွားကာ ဝင်ထိုင်လိုက်သည်။

"စောင့်နေတာကြာပြီလား?"

လုရိချန်ကို  သူမ နူးနူးညံ့ညံ့လေး မေးလိုက်တော့

"ဟင့်အင်း၊ ကိုယ်လဲ ရောက်တာ မကြာသေးဘူး။ မင်း သောက်ချင်တာကို ရွေးလိုက်လေ။ ဒီဆိုင်က တော်တော်နာမည်ကြီးတဲ့အတွက် သောက်စရာတွေက  တော်တော်အရသာရှိတယ်"

မုရှောင်းရှောင် သည် ကော်ဖီဖြစ်ဖြစ် နို့လက်ဖက်ရည် ဖြစ်ဖြစ် သဒါမှမဟုတ်  သံပုရာရည်ကဲ့သို့  ချဥ်သောအရာများကို နှစ်သက်သည်။

“ အချိုရည်သောက်တာပဲ ကောင်းပါတယ်…”

လို့ပြောရင်း သူမက မီနူးကို လှန်ဖွင့်လိုက်သည်။ စျေးနှုန်းကိုမြင်တော့ သူမစကားရပ်သွားပြီး သူမခေါင်းကိုမော့ကာ လုရိချန်ကို မရည်ရွယ်ဘဲ တစ်ချက်ကြည့်လိုက်မိသည်။ သူမမျက်နှာကို ဖုံးအုပ်ဖို့ မီနူးကိုသုံးပြီး လုရိချန်ရှေ့နားကို ငုံ့ကာ

"ဒီဆိုင်က အရမ်း ဈေးကြီးတယ် "

... အအေးတစ်လုံးကိုတောင်  ယွမ် ၁၀၀ နီးပါးကုန်ကျသည်။ အရင်ကထက် ပိုစျေးကြီးတဲ့ အချိုရည်တွေ သူမ သောက်ခဲ့ပေမဲ့ လုရိချန်ရဲ့ ဘဏ္ဍာရေးအခြေအနေက သူမကို ပထမဆုံး မီနူးကြည့်ရင်း တွေဝေစေခဲ့တာပင်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now