Unicode
အပိုင်း ၂၈၀ - ငါတို့ နမ်းတာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး။
မုရှောင်းရှောင် သူမ၏ ဝိညာဉ်များပါ တလှုပ်လှုပ် ဖြစ်သွားတဲ့ အထိ ရယ်မောလိုက်သည်။
သူမကို တိတ်တိတ်လေး နမ်းဖို့ သူအမြဲ လုပ်ခဲ့တာပင် ။
အခုတော့ သူမက ယင်းရှောင်ကျဲကို တိတ်တိတ်လေး ခိုးနမ်းဖို့ အလှည့်ကျပြီ။
အဲဒါမှ ညီမျှသွားမယ် မဟုတ်လား။တကယ်တော့ သူ့မျက်နှာကို နမ်းဖို့သာ ရည်ရွယ်ခဲ့တာပင်။
ဒါပေမယ့် သူမကို နှုတ်ခမ်းပေါ် နမ်းစေခဲ့တဲ့ အပြုအမူကို တော့ ဘုရားသခင်သာ သိလိမ့်မည်။ဒါပေမယ့် ဒါက ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။
သူမတို့ နမ်းတာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တာမုရှောင်းရှောင် ကုတင်ပေါ်မှ ဆင်းလာသောအခါတွင် သူမ အိပ်ခန်းထဲမှ အမြန်ထွက်သွားကာ ယင်းရှောင်ကျဲ ကို နောက်ပြန်လှည့်မကြည့်ဝံ့တော့ပေ။
တံခါးပိတ်ပြီးတာနဲ့
အိပ်ယာပေါ်တွင် အိပ်ပျော်နေရမည့် ယင်းရှောင်ကျဲသည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ နဂါးငွေ့တန်းကဲ့သို့ ကြယ်များဖြင့် ပြည့်နှက်နေတဲ့ မျက်လုံးများသည် ကြီးစွာသော ရွှင်မြူးမှုဖြင့် ပြည့်နေသည်။…
ယင်းရှောင်ကျဲ အိပ်ခန်းထဲက ထွက်လာတော့ မီးဖိုချောင်ထဲမှာ မုရှောင်းရှောင် ကိုတွေ့လိုက်ရပြီး သူမဘာတွေလုပ်နေလဲ မသိနိုင်။
သူ က ကျေနပ်စွာ ခပ်ဖျော့ဖျော့ ပြုံး နေသည်။
ဒီလူဆိုးမလေးက သူ့အတွက် မနက်စာ ချက်ပေးတာ ဖြစ်နိုင်မလား။ဘယ်လောက် ချစ်ဖို့ကောင်းလိုက်လဲ။
ယင်းရှောင်ကျဲ သည် သူမ၏နောက်သို့ ခပ်လျှိုလျှိုဝင်လာကာ သူမ၏သွယ်လျသောခါးကိုဖက်ရန် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူမနားထဲသို့ စူးစူးရှရှ ဆွဲဆောင်မှုရှိသောအသံဖြင့်
"ချစ်ဇနီးလေး၊ မင်း ဘာတွေလုပ်နေတာလဲ"
မုရှောင်းရှောင် ကြောက်လန့်တကြား တံတောင်ဆစ်နဲ့ တွန်းဖယ်လိုက်တာကြောင့် နားရွက်တွေနီရဲနေသည်။ ။
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...