အပိုင်း -၂၃၂

807 60 1
                                    

Unicode

အပိုင်း -၂၃၂   မင်း သိဖို့ မထိုက်တန်ဘူး


ပိုင်မိန်ကျောင်း ငါ့ကို  အဆုံးစွန်ထိ ရက်စက်အောင်  မတွန်းပို့နဲ့။
သူမသည် လူသားတစ်ဦးဖြစ်ပြီး ဒေါသကြီးသူလဲဖြစ်သည်၊

မုရှောင်းရှောင်သည် ဘယ်သောအခါမှ ဒေါသမထွက်ခဲ့ပေ။

အခုတော့ သူမသည် သူမ၏ နှလုံးသားထဲတွင် တောက်လောင်နေသော ဒေါသများကိုသာ ခံစားနိုင်ပြီး စိတ်ထဲမှာ  ပိုင်မိန်ကျောင်း ကို စာနာရန်တွက် နေရာမရှိပေ။

“ရန်သူကို သနားခြင်းသည် မိမိကိုယ်ကို ရက်စက်ခြင်း”

ဟူသော ဆိုရိုးစကားရှိသည်။  သွေးထွက်အောင် အရမ်းမှန်တယ်။

"အား ! နာတယ်!"

" မုရှောင်းရှောင် ကောင်မစုတ် ! ငါ့ကိုလွှတ်! နင် ငါ့ကိုဒီလိုလုပ်တဲ့အတွက်  သေသင့်တယ်!"

ပိုင်မိန်ကျောင်းရဲ့ နူးညံ့သိမ်မွေ့တဲ့အသွင်အပြင်က လုံးဝပျောက်ကွယ်သွားပြီး ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အစားထိုး လိုက်သလိုပင်။ သူမက နောင်တ ရခြင်း မရှိဘဲ မုရှောင်းရှောင်ကိုသတ်ချင်စိတ်သာ ကြီးစိုးလို့နေသည်။ 

ဆံပင်ဆွဲတာက မိန်းကလေးများကြား ရန်ပွဲများတွင်လည်း အထိရောက်ဆုံး အရှက်ခွဲခြင်းဖြစ်နေသည်။ပိုင်မိန်ကျောင်း၏ ဦးရေပြားသည် ဆံပင်ဆွဲခံရခြင်းကြောင့် ထုံကျင်နေပြီး ပြန်တိုက်ရန် ခွန်အားမရှိပေ။

ထို့အပြင် သူမသည် နုနယ်သော  မိန်းမလှလေးတစ်ယောက်ဖြစ်သည်။ ပြီးတော့ ဒဏ်ရာတွေလဲ ရှိနေသဖြင့် ပုံမှန် အနေအထားရှိနေတဲ့ မုရှောင်းရှောင်ကို  သူမ  ဘယ်လိုလုပ်ယှဉ်နိုင်မည်နည်း ။

သူမလုပ်စရာတစ်ခုပဲကျန်တော့သည်။

ငိုတယ

ပိုင်မိန်ကျောင်း သူမလက်ထဲက ပိုင်မိန်ကျောင်းရဲ့ ဆံပင်တွေကို လွှတ်လိုက် တော့ ပိုင်မိန်ကျောင်း မြေပြင်ပေါ်သို့  ချက်ချင်းပဲ လဲကျသွားသာ်။ မုရှောင်းရှောင် သူမကို ဆက်မကြည့်ချင်တော့။

“ ဖြောင်း ၊ ဖြောင်း ဖြောင်း …”

ထိုစဉ် တစ်စုံတစ်ယောက်၏ လက်ခုပ်တီးသံကို ရုတ်တရက် ကြားလိုက်ရသည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now