အပိုင်း -၂၈၆

620 41 0
                                    

Unicode

အပိုင်း ၂၈၆  - နင်ဆီက သူမ ခိုးသွားရမှာကို မကြောက်ဘူးလား။

သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မျက်လုံးတွေကို စိုက်ကြည့်နေတယ်။
ရင်ခုန်စရာ အငွေ့အသက်များ ပြင်းထန်နေခဲ့သည်။

မုရှောင်းရှောင် စကားပြောရန် ပါးစပ်ကို ဖွင့်လိုက်သည်။
သို့သော်လည်း ယင်းရှောင်ကျဲ ရုတ်တရက်ထပြီး အခန်းထဲက
အမြန်ထွက်သွားသည်။

တံခါးပိတ်သံကို မုရှောင်းရှောင် ကြားလိုက်ရသည်။ ပင်မတံခါးလိုမဟုတ်ဘဲ ရေချိုးခန်းတံခါးပင်။ ဒါကသူ ရေပူစမ်း ဗီလာမှာ ရေအေးချိုးတဲ့ အချိန်ကို သတိရစေသည်။

ဒါဆို?

သူ အခု ရေအေးချိုးနေပြန်ပြီလား။

မုရှောင်းရှောင်၏မျက်နှာသည် ပူသထက် ပူလာပြီး စောင်ကို ကြမ်းတမ်းစွာ ဆွဲထုတ်လိုက်သည်။ သူမကိုယ်သူမ စောင်ဖြင်ဘယ့ ရစ်ပတ်ပြီး ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ ကြောင်ကလေးတစ်ကောင်လို ကောက်ကွေးနေခဲ့သည်။

ပိတ်ရက် ရောက်သော် ။

ရေပူစမ်း ဗီလာ ကနေ  အနှိပ်ခံဆီ အများအပြား ဝယ်ခဲ့ကြသည်   ဟန်ချီချင် က မုရှောင်းရှောင် ကို ဖုန်းဆက်က သူမဆီ  လာလည်ပြီး ရနံ့ကုထုံးနဲ့ အနှိပ်ခံပြီး စကားပြောချင်လားဟု မေးလာသည်။

မမျှော်လင့်ဘဲ သူမသည် အန်းဇီရှင်း နှင့်ပတ်သက်သည့် ကိစ္စရပ်ကို ပြောပြလိုက်သည်။ သို့သော် မုရှောင်းရှောင်  အသေးစိတ်အများကြီး မပြောပြဘဲ တိုတိုတုတ်တုတ်သာပြောခဲ့သည်။

ထို့ကြောင့် ဟန်ချီချင် က သူမကို အရေးတကြီးဖိအားပေးကာ

"ဒါဆို ငါ့အိမ်ကို မြန်မြန်လာ! ဘာအကြောင်းလဲ သေချာလာပြေ ပည ”

မုရှောင်းရှောင် သည် သူမ၏ အိတ်ကို ထုပ်ပိုးရန် လုပ်ဆောင်လိုက်ပြီး

“ငါ မကြာခင်ရောက်မယ်။ ထုပ်ပိုးပြီးတာနဲ့ အပြင်ထွက်လာခဲ့မယ်”

"အိုး ဒီလိုအခြေအနေမျိုးမှာ နင် အဲ့ဒီကောင်မလေးနဲ့  ရင်းနှီးဖို့ အခွင့်မသာအောင် ယင်းရှောင်ကျဲ ကို မောင်းထုတ်ခိုင်းရမယ်"

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now