Unicode
အပိုင်း -၁၈၆ ပစ်မှတ်က မုရှောင်းရှောင်
ရှေ့တွင်ရှိနေသည့် မုရှောင်းရှောင် သည် ဆဋ္ဌမအာရုံရှိသကဲ့သို့ နောက်သို့ လှည့်ကြည့်လိုက်တော့ သူမနောက်သို့ ယင်းရှောင်ကျဲလိုက်လယနေကြောင်းကို မြင်လိုက်ရသောကြောင့် သူမ မြေပြင်တွင် ရပ်ကာ သူ့ကို စိုက်ကြည့်နေသည်။ယင်းရှောင်ကျဲလဲ သူခြေလှမ်းတွေကို ရပ်လိုက်သည်။ သူတို့စုံတွဲသည် "မီးနီ/မီးစိမ်း" ဂိမ်းကစားနေပုံ ပေါ်နေပြီး တကယ်ကို ရယ်စရာကောင်းနေသည်။
မုရှောင်းရှောင် မျက်လုံးများက ယင်းရှောင်ကျဲအား သူမနောက်လိုက်နေတာကို ရပ်တန့်ရန် အချက်ပြလိုက်သည်။
အဲတော့မှ ယင်းရှောင်ကျဲ သူ့ဂုဏ်သိက္ခာကိုမှ မထောက် သူမနောက်သို့ တကောက်ကောက်လိုက် နေမိကြောင်း သတိပြုမိသွားပုံရသည်။ မလိုက် စေချင်ဘူးဆိုရင်လဲ မလိုက်ဘူးပေါ့ ဟွန့် ။ ဘယ်သူက ဂရုစိုက် နေလို့လဲ။
ယင်းရှောင်ကျဲ တကယ် သူမနောက်မလိုက်တာကိုတွေ့လိုက်ရတော့ မုရှောင်းရှောင် လုရိချန်ဆီကို ခပ်သွက်သွက်လျှောက်သွားလိုက်သည်။ သူမက သူ့ပခုံးကို အသာလေးပုတ်ပြီး
"ရိချန်!"
လုရိချန် သူ့မျက်နှာပေါ်က အေးစက်သောအမူအရာများပျောက်သွားကာ အပြုံး လေးဖြင့် သူမကို လှည့်ကြည့်လာသည်။
"မင်းပဲ"
တစ်စုံတစ်ယောက်၏အကြည့်က စူးရှလွန်းသည်ဖြစ်ကောင်းဖြစ်နိုင်သည်၊ သူသည် သူမ၏ပခုံးအနောက်ကို မသိစိတ်ဖြင့်ကြည့်ကာ ကျောက်ရုပ်လို မတ်တပ်ကြီးရပ်နေသော ယင်းရှောင်ကျဲကို တွေ့လိုက်ရသည်။
သူက အသာလေး ပြုံးပြပြီး မုရှောင်းရှောင်ကို
"မင်း သူနဲ့ ပြေလည်သွားပြီလား?"
"အင်း !"
မုရှောင်းရှောင်က ခေါင်းညိတ်ပြပြီး သူ့ဘေးနားကို လျှောက်သွားလိုက်သည်။ သူ့မျက်နှာက နွေးထွေးမှုအပြည့်နဲ့
"ရှင် ဘယ်လိုနေသေးလဲ အဲဒီလူတွေက ဝုန်းဒိုင်းကြဲနေတော့ ရှင့်ကို လိုက်ရှာလို့ အချိန်မရလိုက်ဘူး။ အဲဒါအတွက် တောင်းပန်ပါတယ်။"
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...