အပိုင်း - ၁၉၂

1K 79 0
                                    

Unicode

အပိုင်း - ၁၉၂  ပါးပါးကိုလွမ်းလို့


"ငါ-တစ်ရှူး လိုချင်တယ်..."

မုရှောင်းရှောင်က အသက်ကို လလုရှုလိုက်ရင်း ရှက်ရွံ့စွာ ပြောလာသည်။ ဧည့်ခန်းက မီးတွေမလင်းပေမယ့် ယင်းရှောင်ကျဲ သူ့အင်္ကျီက ရေစိမ်ထားသလို စိုနေပြီလို့ ခံစား နေရပြီး သူ့အင်္ကျီလဲရန် ကြံလိုက်သည်။

သို့သော် ယင်းရှောင်ကျဲသည် သူမကို ပွေ့ဖက်ထားရာမှ မလွတ်မြောက်ဘဲ သူ့ခန္ဓာကိုယ်ကို လှည့်ကာ ကော်ဖီစားပွဲပေါ်မှ တစ်ရှူးများယူရန်  သူ့လက်ရှည်ရှည်ကို ဆန့်ထုတ်လိုက်သည်။

"ငိုလိုက်တော့ စိတ်သက်သာရာရသွားပြီးလား"

ထုံးစံအတိုင်း ရက်စက်ကြမ်းကြုတ်စွာ
အေးစက်စက်လေသံဖြင့် လှောင်သလို မေးလာသည်။ မုရှောင်းရှောင် က ခေါင်းညိတ်လိုက်ပြီး နှာခေါင်းကို တစ်ရှူးနဲ့ အုပ်ကာ သန်ရှင်းလိုက်သည််။ အချိန်က တအား နောက်ကျနေပြီး အစားအသောက်တွေ အချိန်မရွေး ရောက်လာတော့မှာကို  ယင်းရှောင်ကျဲ ခန့်မှန်းမိသဖြင့်  သူက မီးဖွင့်လို့ရမလားလို့ မေးလိုက်တယ်။

"ရပြီ"


ယင်းရှောင်ကျဲ မပြုံးနိုင်ဘဲ မနေနိုင်။ ဤလူဆိုးမ‌လေး အမြဲ ဒီလိုပြုမူ နေပါက ဘယ်မျလောက် ကောင်းလိုက်မလဲ ?

သို့သော် သူမနှင့် မငြင်းခုန်‌ ရင်လဲ ပျော်စရာ‌များကို လွတ်သွားလိမ့်မည်ဟု သူ တွေးလိုက်မိပြန်သည်။

ယင်းရှောင်ကျဲ နောက်ဆုံးတော့ သူမကို လွှတ် ပေးလိုက်ကာ သူ့ဘေးနားမှ ခေါင်းအုံးတစ်လုံးကို ဆွဲယူပြီး သူ့ရင်ခွင်အစား ထိုးထည့် ပေးထားလိုက်သည်။ ထို့နောက် ဆိုဖာပေါ်မှ ဆင်းကာ မီးဖွင့်ရန် သွားလိုက်သည်။ ထို့နောက် ရေခဲသေတ္တာထဲသို့ သတ္တုရေဘူးတစ်ဘူးကို သွားယူပြီး

"ရေနည်းနည်းသောက်လိုက် "

ဟု  သူမထံ လွှဲပေးလိုက်သည်။ ထိုမှပင် သူမ မျက်လုံးမျာက  ယုန်မျက်လုံးထက် ပိုနီရဲနေသည်ကို သူမြင်လိုက်ရသည်။ မျက်ခုံးပင့်ပြီး

“မင်းကိုမင်း ကြည့်။ ငိုလွန်းလို့ မျက်လုံးတွေတောင်  ရောင်နေတပြီး ”

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now