အပိုင်း -၂၈၅

632 49 0
                                    

Unicode
အပိုင်း -၂၈၅  အခြား မည်သူ့ကိုမျှ မပေါင်းဖက်ဘူး


မုရှောင်းရှောင် သည် သူ၏နောက်ပြောင်ခြင်းမှ ရှက်ရွံ့ကာ ယင်းရှောင်ကျဲ ပွေ့ချီထားကနေ အောက်သို့ဆင်းရန် ကြိုးစားလိုက်သည်။

"နင် ဖယ်နော် ! ငါ့ကို အခုချက်ချင်း ဆင်းခွင့်ပြု!"

အရှက်ကင်းမဲ့တဲ့ ကောင်နဲ့ ဘယ်သူက အတူ နေချင်လို့လဲ ဟွန့်

သို့သော် ဤအရူးသည် သူမ ကူကယ်ရာမဲ့ တဲ့ အထိ အရပ်ရှည်သည်။ သူ့ခန္ဓာကိုယ်က မော်ဒယ်တစ်ယောက်လို အချိုးအစားကျပြီး သူ့ခြေထောက်တွေရဲ့ အရှည်က သူ့အရပ်ရဲ့ ထက်ဝက်ကျော်သည်။ ။ သူ့ ရင်ဘတ်လောက် အမြင့်က ပြုတ်ကျရင် တော်တော်နာသွားမှာပင်။

ဒီလိုမှမဟုတ်ရင် သူ့ကို ကိုက်လိုက်ရမလား ?
ကိုက်လိုက်ရင် ငါ့ကို  လွှတ်ပေးမလား

သို့သော် ဒီလူကို နာကျင်အောင် မလုပ်ရဘူးလို့ ဟောကိန်းထုတ်ထားတာကြောင့် ငယ်ကတည်းက လူတိုင်းက သူလုပ်ချင်တာမှန်သမျှ လုပ်ခွင့်ပြုထားခဲ့ရသည်

“မရဘူး။”

ယင်းရှောင်ကျဲ ၏ ခြေတံရှည်များက သူမတို့ကို ကုတင်သို့ အလျင်အမြန် ခေါ်ဆောင်သွားသည် ။ သူသည် သူမကို အိပ်ယာပေါ် ချက်ချင်းတင်လိုက်ပြီး သူ့ကိုယ်အလေးချိန်ဖြင့် အပေါ်မှ  ဖိချလိုက်သည်။

"ယင်းရှောင်ကျဲ!"

မုရှောင်းရှောင် က သူ့ကို ရှက်ရွံ့စွာ အော်ဟစ်လိုက်သည်။ ထို့အပြင် နမ်းတော့မယ့်ပုံပေါ်တဲ့ သူ့မျက်နှာက ပိုနီးလာသလို နီးကပ်လာတာကို သူမတွေ့လိုက်ရသည်။

ယင်းရှောင်ကျဲ က မုန်းစရာကောင်းစွာ ပြုံးလိုက်ပြီး

"မင်းရဲ့ခင်ပွန်းက ဒီမှာ~ ချစ်ဇနီးလေး၊ မင်း ဘယ်လို လုပ်ချင်လဲ။ ငါအတွက် အကုန်အဆင်​​ပပြေတယ်နော် ဟဲဟဲ "

"ဘယ်သူနဲ့ လုပ်ချင် နေလို့လဲ!"

သူမလက်ကို မြှောက်လိုက်တော့ ယင်းရှောင်ကျဲ က  သူမ၏ လက်ကောက်ဝတ်ကို တစ်ချက်ချုပ်လိုက်ပြီး ခေါင်းထက်တွင် ကပ်ကာ ဖိချုပ်ထားသည်။ သူ့မျက်လုံးများသည် လှောင်ပြောင်သယောင်သလို ကျဉ်းမြောင်းနေ၏။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now