Unicode
အပိုင်း ၂၅၈ - A Brazen Kiss
What - သူဘာလုပ်ဖို့ကြိုးစားနေတာလဲ။
မုရှောင်းရှောင် စိတ်လှုပ်ရှားစွာ တံတွေး မျိုချလိုက်ပြီး သူမ၏ နှလုံးခုန်နှုန်း တိုးလာသည်။
သူတို့ရဲ့ ကိုယ်ဟန်အနေအထားက ဒီလေထုနဲ့ နဲနဲ ။
ဒါဖြစ်နိုင်မလား... သူ ငါ့ နမ်းချင်နေတာလား။
"ကျဲ -ထလော့! နင် ငါ့ကိုဘာလို့ နှိပ်စက်ချင်နေရတာလဲ။ နင်နှိပ် ပေးစရာ မလိုတော့ဘူး၊ ဘယ်လိုလဲ"
မုရှောင်းရှောင် အထစ်အထစ်နဲ့ ဒီထူးဆန်းနေတဲ့ အခိုက်အတန့်ကနေ လွတ်မြောက်ဖို့ ကြိုးစားလိုက်တယ်။
ယင်းရှောင်ကျဲ ၏ နတ်ဆိုး မျက်လုံးများ ရုတ်ချည်း ကျဉ်းမြောင်းသွားသည် ။ မုရှောင်းရှောင် စိုးရိမ်သောကအမူအရာကို လေ့လာရင်း သူ့ခေါင်းထဲသို့ မကောင်းဆိုးဝါး အတွေးတစ်ခု ဝင်လာသည်။
အဲဒီတုန်းက သူမကို ခိုးနမ်းလိုက်တာကို သူမတကယ်သိ နေတာလားဆိုတာ သူ ရုတ်တရက် အရမ်းသိချင်သွားသည်။
ထို့ကြောင့် သူသည် ယုတ်မာသော အမူအရာဖြင့် ပြုံးကာ ရယ်မောပြ
"ငါ မင်းကို တကယ်နမ်းချင်နေပြီလို့ ပြောရင် မင်းဘာလုပ်မှာလဲ"
မုရှောင်းရှောင် အံ့သြသွားသည်။
"What -ဘာလဲ?"
မုရှောင်းရှောင် မျက်လုံးများ ပြူးကျယ်လာပြီး သူမ ပို၍ပင် စိုးရိမ်လာသည်။
သူက နမ်းချင်တယ်လို့ပြော နေတာလား
ဟေး!
ဒီအရူးက နည်းနည်းတော့ စည်းကျော်သွားပြီ မဟုတ်လား?
လျှို့ဝှက်အနမ်းတစ်ခု ခိုးယူတာကို မရှင်းရသေးဘူး ၊
ဒါကို အခု သူ့မကို ပြောင်ပြောင်တင်းတင်း နမ်းချင်တယ်လို့ ပြောနေတာလား။ဘယ်ရမလဲ!
ဒါကို သူမတွေးနေရင်း မုရှောင်းရှောင်၏ မျက်နှာက ရှက်စိတ်ဖြင့် နီရဲသွားသည်။
မုရှောင်းရှောင် ယင်းရှောင်ကျဲကို မခို့တရို့ ပြုံးကာ ငြင်းဆန်ပြီး
YOU ARE READING
ချစ်ခြင်းဘီလီယံ 2 ( Billion of Pampering Only For You 2 )
RomanceThis Novel is not my owned. I am just translate it to Myanmar .(Unicode +ZawGyi) All Credits give to the owner . I don't own any creations . All creations go to original author and Eng translators. ချစ်ခြင်းဘီလီယံ 2 ငယ်ပေါင်းကြီးဖော်တွေဖြစ်တဲ့...