အပိုင်း - ၁၇၄

1.1K 92 0
                                    

Unicode

အပိုင်း - ၁၇၄ ပထမဦးဆုံး


မုရှောင်းရှောင်  ယင်းရှောင်ကျဲ ၏ ရုတ်တရက်ဆန်တဲ့ လုပ်ရပ်ကြောင့် အံ့အားသင့်သွားသည်။ သူက သူမကို အော်ဟစ်ရုံသာမက သူ့အသံမှာလည်း စူးရှကာ အားမာန်အပြည့်ပါသည်။
မုရှောင်းရှောင်  ယင်းရှောင်ကျဲကို စိုက်ကြည့်ရင်း အပြစ်ကင်းစင်သော သူမ၏ နက်မှောင်သော မျက်လုံး၀ိုင်း၀ိုင်း‌လေးများဖြင့် မယုံကြည်နိုင်သလို ကြည့်နေသည် ။

ထို့နောက် ယင်းရှောင်ကျဲအော်သံကြောင့် သူမအကြည့်တွေက မှုန်ကုပ်ကုပ်နဲ့ ငြိုးငယ်ကာ ၀မ်းနည်းသွားတဲ့ ပုံစံလေး ဖြစ်သွားသည်။

"မင်း ထပ်လုပ်ပြန်ပြီ!"

ဒီလူဆိုးမ‌လေးဟာ တကယ်ကို မိုက်မဲလွန်းတယ်။
သူမ ကို စိတ်ဆိုးပြေစေချင်တဲ့အခါ  ဒီလှည့်ကွက်ကို အမြဲသုံးတယ်။

အစောက  ၀မ်းနည်းသွားသော  မုရှောင်းရှောင်  သည် ယခုအခါ အမှန်တကယ်ပင် မျက်ရည်များ တပေါက်ပေါက်ကျနေပြီဖြစ်သည်။ သူမမျက်လုံးထဲကနေ  မျက်ရည်များ  တလိမ့်ပြီး တလိမ့် ကျဆင်းလာတာက ယင်းရှောင်ကျဲကို ပိုစိတ်ပျက်သွားစေသည်။

ဒုန်း!

ယင်းရှောင်ကျဲ သည်းခံနိုင်စွမ်း ကုန်လွန်သွားပြီး  ရေခဲသေတ္တာတံခါးကို လက်သီးနဲ့ အားပြင်းစွာ ထိုးလိုက်လေသည်။

"မငိုနဲ့လို့ ငါပြော နေတယ်!"

မုရှောင်းရှောင် သူမ၏ပါးပြင်ပေါ်က မျက်ရည်များကို  ဖွဖွ လေးပုတ်ကာ ရွှန်းလက်နေသော မျက်ရည်စက်များဖြင့် ယင်းရှောင်ကျဲကို စိုက်ကြည့်ပြီး

"မငိုပါဘူး၊ နင်က ငါ့ကို ဘာလို့ အော်တာလဲ!"

ယင်းရှောင်ကျဲ စကားစကို မည်သို့ဆက်ရမည်ကို မသိဘဲ လှည့်ထွက်သွားသည်။

ယင်းရှောင်ကျဲထွက်သွားတာကိုမြင်တော့  မုရှောင်းရှောင် ကြံမိကြံရာ  စိုးရိမ်တကြီးနဲ့ ခါးကို လှမ်းဖက်ထားလိုက်‌ တော့သည်။

ဒီတစ်ခါတော့ သူ့အင်္ကျီနောက်ကျောမှာ  မုရှောင်းရှောင်းရဲ့ မျက်ရည်တွေ စိုသွားရတော့သည်။

ချစ်ခြင်းဘီလီယံ 2   ( Billion of Pampering Only For You 2 )Where stories live. Discover now