-1-

13.2K 736 9
                                    

နီညိုရောင်မျက်ဝန်းဝိုင်းသွဲ့သွဲ့လေးတွေ ။

ဆွဲယူနေတဲ့အသူတရာသေခြင်းဖွဲ့နွယ်တွေ ။
လွတ်မြောက်ခြင်းဟာအလင်းငယ်လို ထိုအလှတရားဟာ အရာရှိဝမ်ကိုကယ်တင်ဆောင်မခဲ့တယ် ။

. . .

ရေနက်ကြောထဲနေထိုင်ကြောင်း ဒဏ္ဍာရီပမာသာသိရှိခဲ့ရတဲ့ Siren တွေဟာ ရေနက်ကြောကိုကျော်လွန်နယ်ချဲ့ပြီး ရေလမ်းခရီးသွားတွေကိုတိုက်ခိုက်ခဲ့ကြတယ် ။ စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဝမ်ရိပေါ်က Siren တွေနဲ့စစ်ဆင်ရေးအတွက် ဦးဆောင်ခဲ့ရတော့သည် ။ ရေတပ်ဦးစီးချုပ်က အထက်အရာရှိကိုစိုးရိမ်သလိုကြည့်ရင်းဗျူဟာရေးဆွဲထားသမျှပုံဖော်ပေးနေတဲ့ကိရိယာကိုပိတ်လိုက်တယ် ။

အသက်မဲ့သလိုမျက်နှာနဲ့စစ်ခေါင်းဆောင်က ရေနက်ပိုင်းကိုသာကြည့်ရင်း အသက်မဲ့စွာငေးနေခဲ့၏ ။

"ခေါင်းဆောင်ဝမ် အဆင်ပြေရဲ့လား "

အဆိုတင်သွင်းခံရတဲ့ အမျိုးသားကအသာအယာငဲ့စောင်းကြည့်လာတယ် ။ကြယ်ခြောက်ပွင့်ပါတဲ့ ကုတ်အင်္ကျီရဲ့လက်မောင်းက အရာရှိရဲ့ပခုံးကိုပိုကြွတက်နေစေသည် ။ ဘွဲ့ တံဆိပ်တွေကပ်ထားတဲ့ ရင်ဘတ်ခြမ်းဟာဝတ်ဆင်သူရဲ့ လှုပ်ရှားမှုအတိုင်းသတ္တုပွတ်တိုက်သံအသာအယာပြုလာ၏ ။

နှာတံမြင့်မြင့် ၊ အေးစက်စူးရှတဲ့မျက်ဝန်း ၊ ပိရိသေသပ်တဲ့နှုတ်ခမ်းလွှာ ။ ထိုအမျိုးသားဟာ စစ်ရေးဆိုင်ရာတပ်မဟာရဲ့အမြင့်ဆုံးရာထူးရယူထားတဲ့ စစ်ခေါင်းဆောင်ဝမ်ရိပေါ်ပဲဖြစ်တယ် ။ ဓားရာ ၊ သေနတ်ရာတွေပြည့်နေတဲ့ ကိုယ်ထည်က ကြမ်းတမ်းခဲ့တဲ့ဘဝကိုဖော်ပြနေတယ် ။

သဘာဝလွန်စွမ်းအားပိုင်ဆိုင်တဲ့လူနည်းစုထဲက
အပါအဝင်ဖြစ်တဲ့ သူ့မိဘတွေရဲ့ Genes နဲ့သူ့ကိုမွေးဖွားပြီးနောက် အဆင့်မြင့်လူသားတစ်ယောက်ဖြစ်လာအောင် စမ်းသပ်ခဲ့တယ် ။ သူ့ရဲ့မွေးရပ်ဇာတိက စမ်းသပ်ခန်းဖြစ်ပြီးသူ့ငယ်ဘဝတစ်လျှောက်လုံးကတော့အပြုံးအရယ်မဲ့တဲ့ စမ်းသပ်ခံလက်နက်ကောင်းလေးတစ်ခုပမာသာ ။ သူ့မှာလူသားဆန်တဲ့ခံစားချက်တွေမရှိ ။ အမှတ်တရတွေမရှိ ။ ဒီလိုပုံစံနဲ့ကြီးပြင်းလာရတဲ့
သူ့အတွက်ကြောက်ရွံ့စရာတွေမရှိပေမဲ့ ရေထုဟာသူ့ရဲ့အားနည်းချက်ဖြစ်တယ် ။ သည်စစ်ဆင်ရေးက လက်အောက်တပ်ဖွဲ့ဝင်တွေအတွက်အန္တရာယ်များသည်ဆိုသော်ငြား အရာရှိဝမ်အတွက်တော့ပိုကြီးမားတဲ့စိန်ခေါ်မှု ။

-The Alluring Melody From Siren's Eyes -Where stories live. Discover now