-8-

3.5K 604 5
                                    

အဆောင်ရှိရာပြန်လာတဲ့လမ်းတစ်လျှောက်မှာကောင်လေးရဲ့မျက်နှာမကောင်းတာကြောင့် ကားကိုရပ်ခိုင်းလိုက်တယ် ။ ကောင်လေးအတွက်မလွယ်ကူမဲ့ကိစ္စကိုသူဖိအားပေးခဲ့မိတာပဲ ။ သူ့စိတ်ထဲအကြွင်းမဲ့ယုံကြည်ထားတာမျိုးမဟုတ်
သည့်တိုင်လက်ရှိမျှော်လင့်ချက်ကြီးကြီးမားမားဟာဒီကောင်လေးပဲရှိတယ် ။

"မင်းလူ့အသုံးအဆောင်တွေသဘောကျတယ်မလား ကိုယ်မင်းကိုလိုက်ပြမယ် "

ကုန်တိုက်တစ်ခုထဲခေါ်လာခဲ့တော့ မှိုင်းညှို့နေခဲ့တဲ့ကောင်လေးက မိုးရေရသွားတဲ့ မြက်ခြောက်ငယ်လိုပြန်လည်စိမ်းလန်းလာတော့တယ် ။
သူကကြိုးရှည်ပါတဲ့အိတ်တွေနဲ့လုံးဝန်းတဲ့ပစ္စည်းတွေကိုသဘောကျပုံရတယ် ။

"မင်းအရင်ကပစ္စည်းတွေကို
ဘယ်လိုလိုက်စုခဲ့တာလဲ "

ကောင်လေးက နှစ်ဖက်အကြား ဖြစ်ပျက်နေတဲ့ရန်စတွေအကြောင်းဆိုရင် တော်ရုံနှုတ်ဆိတ်နေတတ်ပေမဲ့၊ သူပျော်ခဲ့ရတဲ့ အဖြစ်အပျက်တွေကိုတော့တက်တက်ကြွကြွမျှဝေချင်တာမျိုးဖြစ်တယ် ။ စကားပြောလွတ်လပ်အောင်လူရှင်းတဲ့ဆိုင်တစ်ခုမှာဝင်ထိုင်ပြီး ကောင်လေးသဘောကျနိုင်မယ်လို့ထင်မိတဲ့ နို့ကော်ဖီတစ်ခွက်မှာပေးလိုက်တယ် ။

" ဒါကို ဟိုးအကြာကြီးတုန်းထဲကရှာတွေ့ခဲ့တာ ၊ကျွန်တော် ငယ်ငယ်တုန်းကအဲ့ကိုသင်္ဘောကြီးတွေဖြတ်လာကြတယ် ၊ ဒါပေမဲ့​ရေနက်ကြောက ကြမ်းလွန်းတော့ သင်္ဘောတွေအကုန်ကြမ်းပြင်ရောက်လာတာလေ အဲ့အချိန်ဆိုအစ်ကိုနဲ့အတူသွားပြီး အဲ့အထဲဝင်ကြည့်ကြတာ ၊ ဖေဖေဆူမှာစိုးလို့ပစ္စည်းအကုန်လုံးတော့မယူနိုင်ဘူးပေါ့
ကျွန်တော်ဖွက်ထားနိုင်မဲ့ဟာမျိုးလေးဆိုယူလာလိုက်တယ် ဒါလေးလေ ပထမဆုံးရှာတွေ့တာ"

တင်းနစ်ဘောလုံးလေးကိုပြရင်း ကောင်လေးက
ပွင့်ပွင့်လင်းလင်းပြောတယ် ။

"နောက်တော့သူငယ်ချင်းတွေကပါ ကျွန်တော့်စွန့်စားမှုတွေကိုအားပေးပြီးအတူလိုက်တာမျိုးရှိလာတယ်၊ အဲ့ဒါကြောင့် ကျွန်တော်ဒီလိုပစ္စည်းတွေအများကြီးသယ်နိုင်လာတာပေါ့ "

-The Alluring Melody From Siren's Eyes -Where stories live. Discover now