-18-

3.5K 554 1
                                    

အမြီးနီနီဟာ ပိတ်လှောင်ထားတဲ့ကျောက်စိုင်ကျောက်ခဲတွေကို ကြေးခွံကွာထွက်စေနိုင်သည်အထိပြင်းပြင်းထန်ထန်ရိုက်နေခဲ့တယ် ။

သူအသံပြန်ရခဲ့တာမို့လူသားနဲ့ဆက်ယှက်ခဲ့ကြောင်းသိသွားတဲ့ဖေဖေက သူ့ကိုသိပ်ဒေါသထွက်သွားတယ် ။ ပြန်ရောက်ထဲက ငြိမ်းချမ်းရေးအကြောင်းသူတစ်လျှောက်လုံးနားချတော့ ခါးခါးသီးသီးကြတယ် ။ သို့သော် လတ်တလော တိုက်ခိုက်မှုတွေရပ်ထားပြီး ဖေဖေတို့ငြိမ်သွားခဲ့ကြတာအသေအချာ ။ အခုတော့ လူသားကလိုက်လာခဲ့ပုံပဲ ။ ရေနက်ကြောဝမှာ ထူးထူးဆန်းဆန်းဖြစ်နေလို့ထွက်ကြည့်ဖို့လုပ်ခဲ့ပေမဲ့ ဖေဖေက အခုလိုပိတ်လှောင်သွားခဲ့သည် ။

ရေနက်ပိုင်းမှာရှင်သန်တဲ့မျိုးစိတ်တွေတောင် မရှင်သန်နိုင်တဲ့ဒီနေရာမှာ သူသာမရှိရင်လူသားသေသွားလိမ့်မယ် ။ သူနဲ့ဆက်ယှက်ဖူးလို့ ကံကောင်းထောက်မစွာတောင့်ခံနိုင်ရင်တောင် ဖေဖေကအလွတ်ပေးမှာမဟုတ် ။ ကျောက်သားကိုရိုက်ပုတ်နေတဲ့ ကြေးခွံတွေကနေ သွေးတွေချင်းချင်းနီအောင်ကျလာခဲ့သည်။ ပဲ့ကြွေကုန်တဲ့ ကြေးခွံတွေဟာလည်း နေရာအနှံ့မှာ ။ ကျောက်တုံးတွေပြိုကွဲထွက်သွားတာနဲ့ သူလျင်လျင်မြန်မြန်ကူးထွက်လာပေမဲ့ တစ်ခါခံရဖူးတဲ့ဖေဖေကသူ့ကိုသတိမလွတ်ဘဲအစောင့်တွေထားခဲ့တယ် ။ နာကျင်နေတဲ့အမြီးတွေကြောင့် အစောင့်လက်က
လွတ်အောင်မပြေးနိုင်ခဲ့ဘဲ ခဏလေးအတွင်းမှာပဲ ပြန်ဖမ်းခံလိုက်ရသည် ။

"ဇိုင်ယန် မင်းလူတွေကိုမနာကျည်းရင်တောင် ပြဿနာဆက်ရှာဖို့မတွေးပါနဲ့လား "

"မင်းမျိုးနွယ်ကိုသစ္စာဖောက်နေတာတော်လိုက်တော့ "

"လူသားနဲ့ပေါင်းစပ်တာတင်သိပ်ရွံရှာဖို့ကောင်းလှပြီ ဇိုင်ယန် "

ရှောင်းကျန့်ရုန်းကန်နေတာကိုရပ်လိုက်တယ် ။

"ငါ... ဇိုင်ယန်မဟုတ်ဘူး "

"ဘာ? "

အချုပ်ခံထားရာကနေခပ်စောင်းစောင်းငဲ့ကြည့်လာတဲ့မျက်နှာလှလှလေးမှာ နားလည်မရတဲ့အပြုံးတစ်ခုနဲ့ ။

"ငါက... ကောင်လေး ၊ ရှောင်းကျန့် "

အစောင့်ဖြစ်သူသတိလက်လွတ်ဖြစ်သွားတဲ့ မျက်တောင်တစ်မှိတ်လေးမှာ ရှောင်းကျန့် လှစ်ခနဲပြေးထွက်သွားခဲ့တယ် ။

-The Alluring Melody From Siren's Eyes -Where stories live. Discover now