-26-

3.5K 498 14
                                    

အရာရှိဝမ်တစ်ယောက်ပြန်ရောက်လာတော့ ဇယ်ရီယန်ကခပ်ပြုံးပြုံးနဲ့စောင့်ကြိုနေတယ် ။ Siren တွေရဲ့ဘာသာစကားကိုနားလည်လာတဲ့ အရာရှိဝမ်က မျက်ခုံးပင့်ပြီးသူ့ယာယီစခန်းဖြစ်တဲ့ရေငုပ်ယဥ်ရှေ့ကဖယ်ပေးဖို့ပြောလိုက်တယ် ။

ဇယ်ရီယန်အသာဖယ်ပေးလိုက်တော့ ရေငုပ်ယာဥ်ရဲ့မှန်နေရာအနားစောင့်ကြိုနေတဲ့ဆံနွယ်ရှည်လေးတွေနဲ့...

"အလှဆုံးလေး "

အရာရှိဝမ်ဟာ မည်သို့မည်ပုံအထဲဝင်ရောက်သွားသလဲတောင်မမှတ်မိနိုင်လောက်အောင် ယာဥ်ထဲရောက်သွားခဲ့တယ် ။ မှောင်မဲအေးစက်တဲ့နေရာမှာ ဒီအလှတရားလေးကိုသူဘယ်လောက်တောင်ပွေ့ဖက်ချင်ခဲ့ရပါသလဲ ။ ပင်လယ်လေပြေလို သဘာဝဆန်တဲ့ရနံ့လေးနဲ့ဆံနွယ်ရှည်တွေ ၊
စိုအိအိနှုတ်ခမ်းလေးတွေ ၊ ထို့အပြင် သူ့အချစ်ဆုံးဗိုက်ထဲမှေးစက်ရှင်သန်နေတဲ့ သူ့ရင်သွေးလေး။

"ကျွန်တော်ပေါက်ထွက်သွားပါဦးမယ်လူသားရယ် "

ရှောင်းကျန့်ဟာအပိုပြောတာမဟုတ်ဘဲ အရာရှိဝမ်နမ်းထားသမျှနေရာတိုင်းနီရဲကျန်ခဲ့တာအမှန်ပင် ။

"ဘာလို့လိုက်လာတာလဲကွယ် အန္တရာယ်များလိုက်တာ "

"ဒါ ကျွန်တော့်အိမ်ပဲလေ ၊ အိုက်ယိုး စိတ်မပူပါနဲ့ အဖော်နဲ့လာခဲ့တာပါသူကဘေးကင်းတယ်ဆိုမှကျွန်တော်လည်းဆင်းလာတာ "

"ကိုယ် သိပ်လွမ်းနေခဲ့တာ "

ဗိုက်မထိအောင်ကျောပြင်ကနေအသာပွေ့ထိန်းတော့ရှောင်းကျန့်က သူ့ရင်ခွင်ကိုကျောမှီရင်းနွမ်းနယ်နေသလိုအနားယူတယ် ။

"ဘာသတင်းမှမကြားရတော့ ကျွန်တော်လည်းဆက်စောင့်နေရင်ရူးသွားမှာစိုးရိမ်ရတယ် "

"ကိုယ်ဒါပြီးရင် ရာထူးကနေအနားယူလိုက်တော့မယ် ၊ နောက်တစ်ကြိမ်စစ်ကြောင်းထွက်ရရင်
ကိုယ့်အလှဆုံးလေးအထီးကျန်နေခဲ့မှာ "

"ကျွန်တော်လိုက်ခဲ့ရင်ရတာပဲ "

အရာရှိဝမ်ကပြုံးလိုက်ပြီး သွေးကြောလဲ့လဲ့လေးတွေထင်းနေတဲ့ လည်ပင်းဘေးသားလေးကိုအသာစုပ်ယူလိုက်တယ် ။

-The Alluring Melody From Siren's Eyes -Where stories live. Discover now