-10-

3.7K 588 11
                                    

မိုးစုန်းစုန်းချုပ်ကာပိန်းပိတ်အောင်မှောင်ကျသွားတဲ့အချိန်မှသာ အရာရှိဝမ်ကအိမ်ကိုပြန်ရောက်လာခဲ့တယ် ။ အချိန်အတော်ကြာအောင် အိမ်ပြင်မှာရပ်နေခဲ့ပြီးမှသူအိမ်ထဲဝင်လာခဲ့တာ ။

လှလှပပရှိနေတဲ့ငါးကန်လေးနား အရုပ်ကြိုးပြတ်ထိုင်ချရင်းသူမှိန်းနေလိုက်တယ် ။ ကောင်လေးကသူ့ကိုမြင်သွားတဲ့အချိန် မှန်ကိုထုရိုက်နေတာကြားပေမဲ့သူမျက်လုံးတွေဖွင့်မကြည့်ဖြစ်ခဲ့ ။

သွေးချင်းရဲရဲထနေတဲ့ဒါဏ်ရာတွေက သူ့စိတ်ကိုခဏတာတော့ပေါ့ပါးနေစေလိမ့်မည် ။ ထိုနာကျင်မှုကိုခံစားရင်း ကိုယ်ပေါ်ကစီးကျနေတဲ့သွေးတွေခြောက်သွေ့သွားချိန်အထိသူပေတေပြီး မှိန်းနေချင်ခဲ့သည် ။ မှန်ကန်ထဲက နီညိုရောင်သန်းတဲ့မျက်ဝန်းငယ်လေးတွေပိုမိုနီစွေးလာတာကိုတော့အရာရှိဝမ်မမြင်နိုင်ခဲ့ ။

ဖန်စကွဲကျေသွားတဲ့ဆူညံမှုက ကျာ်ကျယ်လောင်လောင် ။ သူလျစ်လျှုရှုထားပြီး ကြမ်းပြင်ပေါ်ရိုက်ခတ်သံတွေကြားမှ စိတ်ထင့်ကာ မျက်လုံးဖွင့်ကြည့်လိုက်တယ် ။ မှန်ကွဲစတွေပေါ်လူးလွန့်နေတဲ့ကောင်လေးက သူရှိရာရောက်လာနိုင်ဖို့
မခြောက်သွေ့သေးတဲ့အမြီးတွေကိုအားယူရုန်းကန်ရင်းလှမ်းလာနေတာပဲဖြစ်တယ် ။

"ကောင်လေး"

"လူသားမှာ ဒါဏ်ရာ - ဒါဏ်ရာတွေ... အများကြီးရှိနေတယ် "

"မလှုပ်နဲ့တော့ဖန်ကွဲစတွေရှကုန်ပြီ "

"လူသားနာနေမှာ လူသားမှာဒါဏ်ရာတွေရလာတယ် "

အရာရှိဝမ်ရဲ့ဒါဏ်ရာတွေကိုဖွဖွလေးကိုင်ကြည့်
ရင်း ငိုနေပုံကသူ့အသားကိုရိုက်နှက်ပစ်တုန်းကထက်ပို၍စို့နင့်နာကျင်နေပုံရသည် ။ ဖန်ကွဲစတွေထပ်မရှနိုင်အောင်အသာချီပွေ့ပြီးသူ့အိပ်ယာပေါ်တင်ပေးတော့ ကောင်လေးကအချမခံဘဲဖက်တွယ်ကာ သူ့(ရှောင်းကျန့်)လက်ချောင်းလေးတွေကို သူကိုယ်တိုင်ကိုက်ဖဲ့နေတယ် ။ သွေးစို့လာတဲ့အခါ အရာရှိဝမ်ရဲ့ခံတွင်းထဲကို သွေးပေနေတဲ့သူ့လက်ကလေးတွေထိုးထည့်ပေးတယ် ။ အသားနာမှာကိုသိပ်ကြောက်တဲ့ကောင်လေးကသူ့အတွက်လိုလိုလားလားအနာခံနေပုံကို မြင်ရတာက အရာရှိဝမ်အဖို့ဆန်းကြယ်လှသည်မှာအမှန် ။

-The Alluring Melody From Siren's Eyes -Where stories live. Discover now