-9-

3.6K 557 6
                                    

ကောင်လေးကိုဖမ်းခေါ်လာခဲ့တဲ့ဆယ်ရက်မြောက် ။ ဗျူဟာကနေ လက်တွေ့အစီအစဥ်အဖြစ်အကောင်အထည်ဖော်ဖို့သူတို့ပြင်ဆင်နေခဲ့ကြသည် ။ ထောင်ချောက်တွေထဲငါးစာသဘောထမ်းဆောင်ရမဲ့အသေခံတပ်သားတွေက ရေပြင်ကျယ်မှာသတိကြီးကြီးနဲ့လေ့ကျင့်နေကြတယ် ။

တစ်နေ့တခြားလူသားသွင်ပြင်ပေါက်လာတဲ့ကောင်လေးကအခုဆိုသွေးကြောလဲ့လဲ့လေးတွေတောက်ပမနေတော့ဘဲ သဘာဝဆန်တဲ့သွေးရောင်လွှမ်းမျက်နှာလေးဖြစ်နေပြီ ။ 

'အရာရှိဝမ်ဘေးက ဆံနွယ်ရှည်ကို ကပိုကယိုစည်းနှောင်ထားလေ့ရှိတဲ့ ထူးထူးဆန်းဆန်းကောင်လေး' ဆိုတာက လတ်တလောလူတွေစိတ်ဝင်စားနေတဲ့သတင်းအတင်းပါပဲ ။ အမြဲမော်မကြည့်ရဲအောင်ကို အေးစက်တဲ့အရာရှိဝမ်က ဇာတိနောက်ကြောင်းမဲ့စွာရောက်လာတဲ့ ကောင်လေးကို အတော်ဂရုစိုက်နေတယ်လေ ။

ထောင်ချောက်ဆင်မဲ့နေရာဆီခေါ်မလာခင် ကောင်လေးစိတ်အခြေအနေကိုသူစိုးရိမ်ခဲ့ရတယ် ။ အခုတော့ပေါ့ပေါ့ပါးပါးအပြုံးနဲ့ ကုန်းအမြင့်က လှေကားထစ်တွေကိုခြေစုံချကာ ခုန်ပေါက်ဆော့နေတဲ့ကောင်လေး ။ သူပြုံးကြည့်နေတုန်းကောင်လေးကဟန်ချက်ပျက်သွားတာမို့ခါးတစ်ခွင်ကနေအသာပွေ့ထိန်းပေးလိုက်တယ် ။ ကောင်လေးကအရင်လိုဖော်ဖော်ရွေရွေကျေးဇူးတင်စကားမဆိုဘဲ မျက်လွှာလေးချကာ ငြိမ်သက်သွားပါရဲ့ ။

သူ့မျိုးနွယ်ကိုဖမ်းဆီးမဲ့ကိစ္စကို ပါဝင်ကူညီနေရကြောင်းသတိရသွားလို့ စိတ်မကောင်းဖြစ်နေခြင်းဟုသာသူတွေးလိုက်တယ် ။

"ဒါတွေက ခဲသတ္တုတွေ ၊ မင်းတို့ကိုထိခိုက်စေနိုင်လား "

"ကျွန်တော်တော့မသိဘူး ဒါပေမဲ့အဆိပ်တွေရဲ့ကိုယ်ကပစ္စည်းအတော်များများကိုအရည်ပျော်စေနိုင်တယ် "

ရေငုပ်ယဥ်မှာကျန်ရှိခဲ့တဲ့ ဒါဏ်ရာတွေကြောင့်သူတွက်ဆမိသမျှ ကြိုမေးလိုက်တာမှန်ကန်သွားခဲ့သည် ။

"ထောင်ခြောက်ကို ကြေး၊သတ္တု၊သံမဏိ၊ငွေ အသားစုံနဲ့လုပ်ကြည့်ပြီးတစ်ခုဆီခွဲချထားလိုက် မပျက်ဆီးတဲ့အသားနဲ့ထောင်ချောက်အကြီးကိုအတည်ပြုလုပ်ကြတာပေါ့ "

-The Alluring Melody From Siren's Eyes -Where stories live. Discover now