-14-

3.7K 585 18
                                    

ထောင်ခြောက်ဆင်ရင်း လူတွေနဲ့နီးရာကျူးကျော်လာသမျှ Siren တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာ နှစ်လမြောက် ။အဆင်ပြေငြိမ်သက်ပြီထင်ခဲ့တဲ့အချိန်မှာ ငါးစာအဖြစ်ထောင်ချောက်ထဲရှိခဲ့တဲ့ အထူးတပ်သားတွေလျှပ်တပြတ်တိုက်ခိုက်ခံခဲ့ရတယ် ။ ထောင်ချောက်ကိုနားလည်သွားပုံရတဲ့ Siren တွေက ဒါကိုလေ့လာပြီးတိုက်ခိုက်ဖို့လျှို့ဝှက်စီစဥ်နေခဲ့ပုံရတယ် ။ ငြိမ်သက်သွားတာမဟုတ်ဘဲ ၊ အချိန်ယူနေခဲ့တာ ။

အုပ်ချုပ်ရေးပိုင်းတာဝန်ရှိလူကြီးတွေက အကုန်အကျများပြီးမထိန်းသိမ်းနိုင်တော့တဲ့အခြေအနေကိုဖိအားပေးဝေဖန်လာကြပြီ ။

"ကျိန်စာမိထားတဲ့သူရဲ့သွေးနဲ့ဆိုသူတို့ကိုသုတ်သင်နိုင်တယ်မလား "

"သူတို့ကို ရန်ပြုလို့မရပါဘူး ပြဿနာတွေပိုဆိုးလာဖို့ပဲရှိတယ် "

"အခု ဒီရေကြောတစ်လျှောက်လုံးကနိုင်ငံတွေအကုန်နည်းလမ်းစုံနဲ့ဖြေရှင်းတာတောင်ဘာမှထူးခြားမလာဘူး ၊ ဒီရေလမ်းကိုအဓိကမှီခိုနေထိုင်ရတဲ့ မြို့ငယ်နိုင်ငံငယ်လေးတွေအကုန်ပြဿနာကြီးကြီးမားမားရှိနေပြီးပြီ ၊ စစ်ခေါင်းဆောင်ကဘယ်ပြဿနာဖြစ်လာမှာကိုပြောနေတာပါလဲ "

"ဒါ ဘယ်သူစခဲ့တဲ့ပြဿနာတွေလဲ ၊ အုပ်ချုပ်ရေးပိုင်းနဲ့ သုတေသီတွေရဲ့လောဘကစတာပဲမဟုတ်ဘူးလား"

ထိပ်သီးအရာရှိတွေနဲ့လျှို့ဝှက်ဆွေးနွေးပွဲကတင်းမာလာပြီး ရန်ဘက်ဦးတည်နေခဲ့သည် ။
အခန်းငယ်လေးထဲဆွေးနွေးပွဲကိုတိတ်တဆိတ်နားထောင်နေခဲ့တဲ့ကောင်လေးကသက်ပြင်းချတယ် ။

သုံးနာရီကြာအောင်ဆွေးနွေးခဲ့ပေမဲ့ငြင်းခုံမှုသာရှိရင်း တိကျတဲ့ဆုံးဖြတ်ချက်ထွက်မလာခဲ့ ။ အခန်းထဲလူရှင်းသွားတဲ့အခါ သီးသန့်အခန်းငယ်လေးထဲကကောင်လေးကိုသူထုတ်ပေးလိုက်တယ် ။ မိဘတွေက ကောင်လေးကိုအကဲခတ်နေရင်းနှစ်မျို့ပုံမရ ။

"ရှောင်းကျန့်... အရှင်တို့ကိုဂါဝရပြုပါတယ် "

လေ့လာသင်ယူထားတဲ့အတိုင်း စည်းကမ်းနဲ့အညီအရိုအသေပြုတော့ အရာရှိဝမ်ကစိတ်အေးသွားရသည် ။

-The Alluring Melody From Siren's Eyes -Where stories live. Discover now