-11-

3.6K 581 6
                                    

နိုင်ငံချင်းစစ်ရေးတင်းမာမှုအခြေအနေကို အရာရှိဝမ်ကကိုယ်ပိုင်သဘောနဲ့ ရာထူးမြင့်စစ်ဗိုလ်တစ်ယောက်ကိုသာတာဝန်လွှဲပြောင်းလိုက်တယ် ။ မိဘတွေကိုဆွေ့ဆွေ့ခုန်အမျက်ရှစေမှာ သိပေမဲ့ အသိတရားမဲ့တဲ့အတ္တကြီးမှုကိုသူလက်ပိုက်ကြည့်မနေနိုင်ပါ ။ ရေဆိပ်ဟာ သုံးစွဲသူတွေကိုအသက်ခြွေနိုင်စေသည်အထိသက်ရောက်ခဲ့တာမို့ ရေထုတစ်ခုလုံးသာအဆိပ်သင့်ခဲ့ရင် သက်ရှိတွေအားလုံးပျောက်ဆုံးကုန်ကြမှာပဲ ။ ကြီးမားတဲ့ ကွန်ခြာထောင်ချောက်တွေရဲ့တပ်ဆင်နေမှုကိုသူစစ်ဆေးပြီးနောက် ကောင်လေးနဲ့အတူလမ်းခဏလျှောက်ကာအဖော်ပြုပေးနေလိုက်တယ် ။

"နောက်ရက်အနည်းငယ်ဆို ကိုယ်တို့အစီအစဥ်စတော့မယ် ၊ ခက်တာက Siren တွေနဲ့ဆွေးနွေးမှုမလုပ်နိုင်တာပဲ ကိုယ်တို့ဒီဘက်ကဖမ်းရင်တောင် အစီအစဥ်ကဟာကွက်တွေနဲ့ အကျိုးမရှိဖြစ်နေတုန်း "

ရှောင်းကျန့်က ပန်းတစ်ပွင့်ကိုလှည့်ဆော့နေရင်းအတွေးများနေတယ် ။

"မင်းအကုန်မပြောနိုင်တာကိုယ်နားလည်ပါတယ် ၊ ကိုယ်တို့လူတွေမှာတော့ ကတောက်ကဆရှိလာရင် အရင်ဆုံးသံတမန်ခင်းပြီးဆွေးနွေးညှိနှိုင်းတယ် ၊ ချစ်ကြည်ရေးဖန်တီးတယ် အဲ့လိုမရမှ စစ်ရေးအရရှေ့ဆက်တယ် ၊ အခုကျ ကိုယ်တို့မဆွေးနွေးနိုင်ဘဲအချိန်ကြာကြာယူပြီး ကျူးကျော်လာတဲ့ဘက်စောင့်ဖမ်းရမဲ့အနေအထားပဲ မင်းပြောကြည့် အဲ့ဒါကပြီးဆုံးနိုင်ပါ့မလား "

"ကျွန်တော်သိချင်လို့ "

"အင်း "

"ကျွန်တော်တို့လည်း သက်ရှိတွေပဲလေ ၊ ဘာလို့.... ဖမ်းပြီးအလွယ်တကူလေးညှဥ်းပန်းခဲ့ကြတာလဲဟင်? "

အရာရှိဝမ်ကတိတ်ဆိတ်သွားပြီး အဆင်ပြေမဲ့အဖြေမျိုးကိုရှာဖွေနေခဲ့တယ် ။

"ကျွန်တော်တို့ ဖမ်းခံရတဲ့ siren ရတဲ့ ကယ်ချင်ရုံသွားခဲ့ကြပေမဲ့သွားကယ်တိုင်းရက်ရက်စက်စက်အသတ်ခံရတယ်၊ ထပ်ဖမ်းဆီးခံရတယ် ... ဘာလို့လဲ "

"ကိုယ်မင်းကျေနပ်မဲ့အဖြေမျိုးတွေးကြည့်ပေမဲ့ ဘာမှမပြောနိုင်ပါဘူး ၊ ကိုယ် - ကိုယ်တိုင်လည်း စမ်းသပ်ခန်းထဲတစ်ပုံစံထဲကြီးပြင်းလာရတာမို့ "

-The Alluring Melody From Siren's Eyes -Where stories live. Discover now