-13-

3.6K 584 27
                                    

ဆီးနှင်းမိုးတို့ရွာသည် ။
နှင်းကျတာရေအောက်ကနေမြင်ဖူးပေမဲ့
နှင်းပြည့်ပြည့်ဝဝကျချိန်ရေမျက်နှာပြင်ပေါ်တက်လို့မရပါဘူးဆိုတဲ့ကောင်လေးက ထိတွေ့နိုင်ပြီဖြစ်တဲ့ နှင်းတွေကြားပြေးထွက်ပြီး အနွေးထည်စရှည်ရှည်ဝေ့ဝဲသည်အထိခုန်ပေါက်ဆော့ကစားနေတယ် ။ ဆံနွယ်ရှည်တွေမှာနှင်းပွင့်ကပ်နေပုံကဆောင်းနှင်းနတ်သားငယ်လေးနှယ် ။

အရာရှိဝမ်ကထီးကိုဖွင့်ရင်းကောင်လေးခေါင်းပေါ်အသာစောင်းငဲ့ထားလိုက်တယ် ။ အသာငဲ့
ကြည့်လာတဲ့ကရုဏာမျက်ဝန်းဝန်းငယ်လေးတွေက အပြုံးကိုဆောင်ပြီး သေသေသပ်သပ်ဖြီးသင်ထားတဲ့အရာရှိဝမ်ရဲ့ စစ်ကေဆီအာရုံရောက်သွားပုံ ။

ဆံနွယ်ကိုထိတာမကြိုက်သော်ငြားဆော့လိုသူဟာ ဒီကောင်လေးမို့သူ့ခေါင်းကိုငုံ့ပေးလိုက်တယ် ။ ဆံနွယ်တွေကိုတိုကပ်ပေမဲ့ဖွခံရတဲ့အခါ အရာရှိဝမ်ကိုအနည်းငယ်နုပျိုသွားစေတယ် ။

"ဒီဆံပင်ကိုမင်းသဘောမကျဘူးမလား "

"လူသားက ကျွန်တော့်ကိုအမြဲဆံပင်ပြင်ပေးတယ် ၊ ကျွန်တော်လည်းပြင်ပေးချင်တယ် "

"ကိုယ်ကသပ်တင်ပေးတာလေမင်းရဲ့ ၊ မင်းကဖွနေတာ "

ကောင်လေးကမျက်လုံးမှေးမှိတ်သွားတဲ့အထိရယ်နေတယ် ။

"ကိုယ့်ကိုခွင့်ပြု "

တိုပြတ်ပေမဲ့လေးနက်တဲ့ခွင့်တောင်းမှုအဆုံးကောင်လေးမေးစေ့ကိုပင့်မော့စေရင်း အေးစက်နေတဲ့နှုတ်ခမ်းသားလေးကိုသူစုပ်ယူထွေး
ပွေ့လိုက်တယ် ။ ကောင်လေးအတွက် ဒုတိယအကြိမ်ဖြစ်သော်ငြားပိုမိုသိပ်သည်းကြမ်းရှတာကြောင့်ခြေမထိန်းနိုင်တော့သလိုပျိုနိုပန်းခင်းထဲ လဲကျသွားတယ် ။

ပြိုလဲမသွားအောင်ထိန်းပွေ့ထားနိုင်သည့်တိုင်ဆွဲမထားခဲ့သူအရာရှိဝမ်ကိုယ်တိုင်က ပန်းခင်းတွေထဲလှဲပြီး နှုတ်ခမ်းချိုချိုကိုမြည်းစမ်းချင်ခဲ့ပုံ ။ အသိတရားပြန်ကပ်တဲ့အချိန်မလုံလောက်သေးသော်ငြား သူရပ်တန့်လိုက်တယ် ။ ပခုံးအထိလျှောကျတွန့်ကျေနေတဲ့ အဝတ်တွေက ကောင်လေးရဲ့ပခုံးလုံးလုံးလေးတွေကိုမလုံ့တလုံသာဖုံးပေးထားနိုင်တော့၏ ။ နံရိုးတွေပေါ်အထိကျူးလွန်ပွတ်သပ်နေမိတဲ့လက်တွေကိုအရာရှိဝမ်ကဆွဲထုတ်လိုက်တယ် ။

-The Alluring Melody From Siren's Eyes -Where stories live. Discover now