-27-

6.8K 579 26
                                    

မူလပုံစံနဲ့ပြန်လည်နိုးထလာတဲ့ ရှောင်းကျန့်အဖေကရှောင်းကျန့်နှင့်အနည်းငယ်ဆင်တူနေကြောင်း အရာရှိဝမ်က သတိထားမိတယ် ။

ကုသဖို့ဆုံးဖြတ်ချက်ချပေးပြီးနောက်မှာတော့ ရှောင်းကျန့်အဖေကသူ့နေရာမှာသူရှောင်နေခဲ့တယ် ။ ကုသရေးလုပ်တဲ့ဂူထဲတစ်ချက်တစ်ချက်လာကြည့်ရုံကလွဲရင်ထွက်မလာခဲ့ပေ ။

ငရဲခန်းလိုဖြစ်နေတဲ့နေရာထဲ ဆယ်ရက်ကြာမျှ
ကုသမှုပြီးတဲ့အခါ နောက်ဆုံးကျန်ရှိတဲ့ Siren ရဲ့သတိရအလာကိုသူတို့စောင့်ဆိုင်းခဲ့ကြတယ် ။
မကြာခင် ဝမ်းသာစရာသတင်းကိုတစ်ကမ္ဘာလုံးဆီပို့ဆောင်ပေးနိုင်တော့မည်သာ ။

ရှောင်းကျန့်ရဲ့ဖခင်က ထွက်ခွာဖို့အသင့်ပြင်နေတဲ့ အရာရှိဝမ်ကိုလာတွေ့ခဲ့တယ် ။ ထိုက်သင့်သလောက် အသားချင်းထိစပ်ဖလှယ်ခဲ့ကြပြီးနောက် ရှောင်းကျန့်ဖခင်ကအရာရှိဝမ်ပြောသမျှနားလည်နေသည် ။ သို့တိုင် လူသားတွေရဲ့စကားကိုသူ့နှုတ်ကထွက်ဖို့စိတ်ကူးမရှိတာကြောင့် ငြိမ်းချမ်းရေးဥပဒေအချက်အလက်တွေကိုရှောင်းကျန့်မှတစ်ဆင့် သူတို့သဘောတူညီခဲ့တယ်။ ရေနက်ကြောက တစ်ကမ္ဘာလုံးဆိုင်ရာနယ်နမိတ်ဆိုသော်ငြားရိပေါ်ပိုင်နက်အတွင်းဘေးကင်းဖို့တော့အတိအလင်းကတိပေးခဲ့နိုင်သည် ။

"အကယ်လို့ အခြားနိုင်ငံဘက်တွေဆီက တရားမဝင်ဖမ်းဆီးသတ်ဖြတ်တာတွေရှိလာခဲ့ရင် ၊ ကျွန်တော်တို့ကိုမဟာမိတ်အဖြစ်သတ်မှတ်ပြီးအကြောင်းကြားပေးပါ ၊ ကျွန်တော်အစအဆုံးကူညီပေးမယ် "

သူတို့သဘောတူညီမှုတွေရခဲ့ပြီးနောက် နှုတ်ဆက်ခွဲခွာချိန်ရောက်လို့လာခဲ့သည် ။ ထွက်ခွာသွားတော့မဲ့ ရှောင်းကျန့်ဖခင်ကိုကြည့်နေရင်းအရာရှိဝမ်က မထိန်းနိုင်စွာဟန့်ထားလိုက်တယ် ။

"အကယ်လို့များ... "

"..."

"ဇိုင်ယန်ရှောင်း ၊ ရှောင်းကျန့်ရဲ့ကလေးကိုကြိုဆိုပေးနိုင်မလား? "

. . .

ထိုနေ့ကနေသာနေခဲ့သည် ။

အရာရှိဝမ်
ရေလွှာလျှောစီးနေတာကိုနှောက်ယှက်ချင်တဲ့သက်ရှိလေးက လှိုင်းလုံးတွေမြင့်လာတိုင်း ရေလှိုင်းကြားထဲတိုးကပ်ပါလာခဲ့တယ် ။ ရေလှိုင်းပိုးကြီးပြန်မပြိုသွားခင်အရာရှိဝမ်က သေးသေးကွေးကွေးအနီလုံးလေးကိုလှမ်းဖမ်းလိုက်တယ် ။

-The Alluring Melody From Siren's Eyes -Where stories live. Discover now