-21-

4K 558 8
                                    

လက်ချိုးရေလို့ရတဲ့အရေအတွက်သာ ကျန်တော့တဲ့သဘာဝလွန်စွမ်းအားရှင် အနည်းငယ်ထဲ အရာရှိဝမ်ရဲ့မိဘတွေက မီးစွမ်းအားပိုင်ဆိုင်ခဲ့တာ မဟုတ်ပေ ။ သည်သက်တမ်းမှာတော့အရာရှိဝမ်ကသာရှားရှားပါးပါး စွမ်းအင်ပိုင်ဆိုင်ဆိုင်သူဖြစ်လာခဲ့ပြီ ။ အရွယ်ရောက်မှပြင်းထန်တဲ့လှုံဆော်ချက်ကြောင့် ထွက်ပေါ်လာရသည့် စွမ်းအင်ဖြစ်တာမို့ မိဘတွေကိုယ်၌က သူ့ကို
မကူညီနိုင် ။ ကံကောင်းထောက်မစွာနဲ့ အရာရှိဝမ်နဲ့ တူညီတဲ့စွမ်းအားပိုင်ရှင်ကိုသူတို့ရှာဖွေနိုင်ခဲ့၏ ။ အရာရှိဝမ်ရဲ့စွမ်းအင်ကိုအသုံးချတတ်ဖို့ကူညီနိုင်အောင် ထိုစွမ်းအင်ပိုင်ရှင်ကို ဆရာအဖြစ်ပင့်ခေါ်ခဲ့သည် ။

"ကျုပ်ငယ်ရွယ်တုန်းက Siren တွေကိုတွေ့တောင်မတွေ့ရဖူးတာမို့ ဒီစွမ်းအင်က Siren တွေအပေါ်ဘယ်လိုသက်ရောက်တယ်ဆိုတာယတိပြတ်မပြောနိုင်ဘူး ၊ စမ်းသပ်ရမှာပေါ့ "

"သူတို့ထိခိုက်လို့မဖြစ်ဘူး "

"ကျုပ်လေ့လာကြည့်ပါဦးမယ် ၊ အရင်ဆုံးစွမ်းအင်ကို ကိုယ့်ခန္ဓာကိုယ်နဲ့တသားထဲကျအောင် ထိန်းချုပ်နိုင်ဖို့ကြိုးစားဦးပေါ့ မီးဆိုတာအရေးပါဆုံးဖြစ်ပေမဲ့ လွန်သွားရင်အန္တရာယ်ပဲ ၊ ကျုပ်ကိုယ်တိုင်လည်းဘေးဒုက္ခတွေအမိားကြီးဖန်တီးခဲ့ဖူးတယ် "

ထိုစကားကြောင့်အရာရှိဝမ်ရဲ့အာရုံကြောတွေကနင်းကိပ်သွားခဲ့တော့တယ် ။

. . .

တစ်ကမ္ဘာလုံးရဲ့တင်းမာမှုဟာ အရာရှိဝမ်သတင်းကြောင့် ငြိမ်ကျသွားတယ် ။ မီးတောက်တွေကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေရင်း တစ်ဖက်ကကြင်ယာတော်ကိုလည်း ဂရုစိုက်မှုမလျော့ပါးစေရ ။

ဗိုက်ကလေးပူသထက်ပူလာတော့ဝမ်းဗိုက်နားကကြေးခွံလေးတွေကွာကျလာတယ် ။ အချိန်အများစုကိုရေကန်ထဲစိမ်နေတာတောင်ရေဓာတ်လိုအပ်သည်ဟုသာအဆက်မပြတ်တောင်းဆိုရှာတယ် ။ ပင်လယ်ပြင်ထဲသွားချင်တာသူနားလည်ပေမဲ့ ကောင်လေးဟာ ကိုယ်ဝန်ရလာထဲက အဆိပ်ဒါဏ်မခံနိုင်တော့ပေ ။ တစ်ဖက်မှာလည်းရှောင်းကျန့်အဖေဖြန့်ဝေထားတဲ့ အဆိပ်ကပင်လယ်ပြင်အပြည့်ဖြစ်နေပြီ ။

-The Alluring Melody From Siren's Eyes -Where stories live. Discover now