-4-

3.9K 653 6
                                    

စစ်ဆင်ရေးကျရှုံးခဲ့ပေမဲ့ ကံကောင်းထောက်မစွာ အသေအပျောက်မရှိခဲ့တာမို့ ဗျူဟာသစ်ရေးဆွဲရာမှာပိုမိုလွယ်ကူခဲ့တယ် ။

"သူတို့က အသိဥာဏ်မဲ့တဲ့သတ္တဝါတွေလို့ကျုပ်မထင်ဘူး ၊ ခက်ခဲမယ်ဆိုပေမဲ့ လတ်တလောတော့ရေလမ်းကြောင်းတွေအကုန်ပိတ်ချထားလိုက်ပါ ၊ ကမ်းစပ်အထိကျူးကျော်လာနိုင်တာရှိလို့ လက်နက်ကိုင်အစောင့်တွေကို  ကမ်းခြေတဝိုက် တင်းတင်းကျပ်ကျပ်ချထားပေး ၊ တိုက်ပွဲဖြစ်စရာမလိုဘူး လူမထိခိုက်ရင်ရပြီ "

အရာရှိဝမ်ရဲ့ကယ်တင်မှုကြောင့် သေမင်းလက်ကနေ လွတ်မြောက်လာတဲ့တပ်သားငါးယောက်က ထိုနေရာမှာဘာတွေဖြစ်ခဲ့သလဲဆိုတာသိချင်နေကြတယ် ။ ခေါင်းဆောင်ဝမ်ရဲ့ အစီရင်ခံစာကတစ်ခုခုဖျောက်ထားတယ်ထင်ရပေမဲ့ သေလူလို့သတ်မှတ်ထားရာကနေပြန်ရောက်လာတဲ့လူကိုသူတို့အတွန့်တက်မမေးရဲပေ ။

အစည်းအဝေးပြီးတဲ့အခါ ဘုရင်ကိုယ်တိုင်ရောက်လာပြီး အရာရှိဝမ်ကိုဆေးကုသမှုခံယူဖို့တိုက်တွန်းတယ် ။ ဘုရင်စနစ်အုပ်ချုပ်မှုဖြစ်သော်ငြား စစ်ရေးစစ်ရာတွေကိုအရာရှိဝမ်ကပဲထိန်းချုပ်ပြီး တော်ဝင်မျိုးနွယ်နဲ့ပြည်သူတွေအတွက် တံတိုင်းအကာအကွယ်ဖြစ်စေတယ် ။

အရာရှိဝမ်ကတိတ်ဆိတ်နေတော့ ဘုရင်နဲ့ဘုရင်မက တော်ဝင်အစောင့်တွေကိုထွက်သွားစေတယ် ။

ဟုတ်သည် ။ ထူးခြားတဲ့သဘာဝလွန်ကိုယ်ပိုင်စွမ်းအင်နဲ့မွေးဖွားလာတဲ့ ဘုရင်နဲ့ဘုရင်မ ၊ တစ်နည်းသူ့မိဘရင်းတွေ ။ အသက်အရွယ်ကြောင့်စွမ်းအင်တွေအသုံးချလို့မရတော့ပေမဲ့ တိုင်းပြည်ရဲ့ကာကွယ်သူတွေအဖြစ်လူထုကလေးစားချစ်ခင်နေဆဲ ။ တိုင်းပြည်အနာဂါတ်ကိုရှေ့တန်းတင်လွန်းတဲ့ သူတို့ကအရာရှိဝမ်ကိုသူတို့ရဲ့ထုတ်ကုန်တစ်ခုလို မွေးမြူကြီးပြင်းစေခဲ့တာ ။ သို့ပေမဲ့အရာရှိဝမ် သူတို့အတိုင်းဖြစ်မလာခဲ့ ။

"ဘာလို့မိုက်ရူးရဲဆန်ရတာလဲ "

"ကျွန်တော်နဲ့ပါလာတာ ရေကြောင်းစစ်ဆင်ရေးရဲ့ ကျွမ်းကျင်စစ်သည်တွေ ၊ သူတို့ကိုဆုံးရှုံးရရင်နစ်နာမှုကကြီးပါတယ် "

-The Alluring Melody From Siren's Eyes -Where stories live. Discover now