-6-

3.8K 613 21
                                    

စိတ်လွတ်နေကြတဲ့လူအုပ်ကြီးကို အထိန်းအကွပ်ကိရိယာတွေနဲ့ချုပ်နှောင်ထားရတဲ့မြင်ကွင်းကိုအရာရှိဝမ်က မျက်နှာတင်းတင်းနဲ့ကြည့်နေတယ် ။ အချို့ကတော့အော်ဟစ်နေရင်းပဲ သွေးထအန်ကာ  တိတ်ဆိတ်သွားကြတော့တယ် ။ အလုံပိတ် အခန်းထဲက အကာအကွယ်ဝတ်စုံအပြည့်နဲ့စစ်သည်တွေကသွားစမ်းကြည့်ပြီးနောက် သေဆုံးကြောင်းသင်္ကေတပြတယ် ။ လူတစ်ဒါဇင်လောက်ပုံတူသေဆုံးပြီးတဲ့အချိန်အရာရှိဝမ်ကဆက်မကြည့်တော့ပေ ။

"ရေနဲ့နီးစပ်တဲ့နေရာမှန်သမျှအင်အားအကုန်ဖြန့်ခိုင်းထားခဲ့တာ ငါ့နောက်ဆုံးညွှန်ကြားချက်မလား"

"အင်.. အင်အားမလောက်လို့ ဒီရွာကိုတော့...."

"ဘာလို့အစီရင်ခံစာရောက်မလာတာလဲ? "

"ဘုရင်မကြီးက ခေါင်းဆောင်ကိုအနှောင့်အယှက်မပေးဖို့ လျှို့ဝှက်အမိန့်ထုတ်ထားလို့ပါ "

အရာရှိဝမ်ရဲ့နှုတ်ခမ်းတွေက မျဥ်းပြိုင်လိုစေ့သွားပြီးခြေလှမ်းကျဲကြီးတွေနဲ့နန်းတော်ရှိရာဦးတည် ထွက်ခွာသွားခဲ့တယ် ။

. . .

အရာရှိဝမ် အဆောင်ကိုပြန်ရောက်လာတဲ့အချိန်မျက်လုံးတွေရဲတောက်နေခဲ့တယ် ။ အလှကန်ထဲထည့်ပိတ်ထားတဲ့ ကောင်လေးကသူ့ကို​မြင်
တာနဲ့အမြီးနီကိုဝေ့ဝဲရင်းမှန်နားကပ်တဲ့အထိကူးခတ်လာတယ် ။အဖျားခတ်တဲ့ ရေယက်မွှားလေးတွေကဇာပါးနီတွေဝေ့ဝဲနေသလိုနှယ် ။
ထိုပုံရိပ်ဟာ'အလှဆုံးပန်းချီကားနှယ် 'လို့တင်စားလောက်သည့်တိုင် လူတစ်ရာကျော်သေဆုံးခဲ့တဲ့စက်ဆုပ်ဖွယ်မြင်ကွင်းကိုပြန်မြင်ယောင်တော့ သူအော်ဂလီသာဆန်လာတယ် ။

ရေကန်ထဲကထုတ်ပေးလိုက်တော့ ကြေးခွံနီတွေကခြောက်သွေ့ကာအတွင်းထဲ နစ်မြုပ်ကွယ်ပျောက်သွားပြီး ခြေတံသွယ်လေးတွေအစားထိုးဖြစ်ပေါ်လာတယ် ။

"ကျွန်တော်အိမ်ကိုဘယ်တော့ပြန်ရမှာလဲဟင် ၊ ဖေဖေတစ်ခုခုဖြစ်နေပြီထင်တယ် "

အရာရှိဝမ်က မုဆိုးဒူးထောက်ထိုင်ချရင်းကောင်လေးမေးစေ့ကိုအားနဲ့ပင့်မော့စေလိုက်တယ် ။

"မင်းအဖေတစ်ခုခုဖြစ်နေပြီလို့ဘယ်လိုသိလဲ "

"ကျွန်တော်တို့ကသွေးသားတူတူပဲလေ ဖေဖေ
နာရင်ကျွန်တော်လည်းနာတယ် "

-The Alluring Melody From Siren's Eyes -Where stories live. Discover now