-24-

3.3K 501 2
                                    

သတ်မှတ်ချိန်ထက် ဆယ်ရက်မျှကွာပြီးတဲ့အခါ ဇယ်ရီယန်ကပြန်ရောက်လာတယ် ။ သွေးချင်းရဲနေတဲ့အကြေးခွံတွေကိုကြည့်ပြီးရှောင်းကျန့်ထိတ်လန့်သွားတယ် ။

"ဘာတွေဖြစ်ခဲ့တာလဲ "

"အဆိပ်တစ်ကောင်က လူတွေလက်ထဲအကြာကြီးရောက်နေပြီးမှ သဘာဝပုံစံနဲ့ပြန်သွားတော့ ရေမှော်ကောင်းကောင်းနဲ့ကြိုဆိုဧည့်ခံကြမယ်ထင်လို့လား?  ၊ ကျစ်... ရေနက်ပိုင်းကအတော်အဆိပ်သည်းနေတာ သန့်စင်ခြင်းတေးသွားတောင်မတိုးတော့ဘူး ဒီအနာတွေဆိုရောက်တဲ့နေ့ထဲကပဲ "

ဇယ်ရီယန်ကိုကုသချိန်ပေးရင်း ရှောင်းကျန့်ပါကန်ထဲရေအတူစိမ်လိုက်တယ် ။ အရာရှိဝမ်ကတော့ လိုက်ကာတစ်ချပ်ခြားပြီးထိုင်နေခဲ့တယ် ။

"မင်းအမြီးတွေကသိပ်လှတာ ၊ မင်းအစ်ကိုလိုပဲ "

Siren တွေမှာအချစ်ဆိုတာ သဘာဝကျလွန်းတဲ့အခြေခံအချက်ထဲမှာမပါဝင်ပေ ။ ဇယ်ရီယန်က ရှောင်းကျန့်အစ်ကိုဖြစ်သူကိုသဘောကျပြီး
သူ့ကလေးအမြဲလွယ်ချင်ခဲ့တယ် ။ အစ်ကိုကလည်း ဇယ်ရီယန်ကိုအပြန်အလှန်စိတ်ရောက်လာခဲ့ပေမဲ့နှစ်ဦးလုံးကအဖိုဓာတ်များလွန်းတာမို့ သားလောင်းမရခဲ့ပေ ။ ဇယ်ရီယန်ကလူသားဆန်တဲ့မနာလိုမှုကိုဖွင့်ပြောခဲ့တယ် ။ သူက
ရှောင်းကျန့်အစ်ကိုရဲ့သားလောင်းကိုအခြား Siren တစ်ကောင်လွယ်ထားတာမမြင်ချင်ခဲ့ ။

ဆန္ဒဟာဆိုးရွားတဲ့နည်းနှင့်ပြည့်ခဲ့သည်ပင် ။ ရှောင်းကျန့်အစ်ကိုရာသီချိန်မတိုင်မီ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရပြီး အရှင်လတ်လတ်ငရဲကျနေခဲ့တာဖြစ်တယ် ။ လူသားတွေက Siren တွေရဲ့ကုသနိုင်စွမ်းအတိမ်အနက်ကိုသိရဖို့ ဒါဏ်ရာကိုတစ်ဆင့်ခြင်းတိုးပေးကာနာကျင်စေခဲ့ကြသည် ။

Siren တွေဟာ ကုသနိုင်သည် ။ ဒါကဘာလုပ်လုပ် မနာကျင်ဘူးလို့ဆိုလိုတာမဟုတ် ။ သူတို့အရေပြားတွေဟာလူသားတွေထက် ပိုလို့တောင်နုနယ်သေးတယ် ။

"အစ်ကိုနဲ့တူတဲ့ကလေးတစ်ယောက်မွေးပေးရင်မင်းသဘောကျနိုင်မလား "

ဇယ်ရီယန်က အပြုံးသေးသေးလေးနဲ့ ခေါင်းငုံ့သွားတယ် ။

"သူတို့လက်ခံလိုက်ပေမဲ့ မယုံကြည်သေးဘူး ၊ မင်းသတ်သေပစ်မယ်လို့ငါနည်းနည်းဇာတ်လမ်းဆင်ခဲ့တယ် "

-The Alluring Melody From Siren's Eyes -Where stories live. Discover now